~2~

21.5K 1.8K 127
                                        

Unicode

သို့...အရင်းနီးဆုံးသောသူစိမ်း။

အချစ်လမ်းဆုံးတဲ့အခါအမုန်းလမ်းစကို
တွေ့ရတတ်တယ်။အချစ်နဲ့အမုန်းကလည်း
ဒွန်တွဲနေတယ်။မချစ်တော့တဲ့အခါမုန်းပစ်ကြတယ်။

ဒါပေမဲ့လည်း...အမုန်းတွေအစား ဥပေက္ခာတရားကိုသာ မင်းကိုပေးလိုက်မယ်။မင်းအပေါ်ထားတဲ့ နောက်ဆုံးအချစ်အတွက်သက်သေတစ်ခုအနေနဲ့ပေါ့။

အမုန်းတွေမရှင်သန်ခဲ့ပေမဲ့
အချစ်တွေကတော့ သေဆုံးသွားပြီ။

_________________

ထယ်ယောင်းဂျောင်ကုနဲ့စကားပြောပြောပြီးချင်း ဆိုင်ထဲကနေအပြင်ကိုအမြန်ထွက်လာခဲ့လိုက်သည်။

ဆိုင်ထဲကနေသာအမြန်မထွက်လာဖြစ်ခဲ့ရင် သူဂျောင်ကုရဲ့
အရှေ့မှာ မျက်ရည်ကျကောင်းကျသွားနိုင်သည်။

သူ့ရဲ့ပျော့ညံ့တဲ့ဘက်ခြမ်းကိုဂျောင်ကုတွေ့သွား
နိုင်သည်လေ။သူ့အတွက်ကောင်းကျိုးမရှိတဲ့အပြင်
အလှောင်တောင်ခံရနိုင်သည်မဟုတ်လား။

ထိုနေရာကထွက်လာခဲ့ပြီး သူ ဂျောင်ကု နဲ့အတူ
သွားဖူးခဲ့တဲ့ ပင်လယ်ပြာဘက်ကို ထွက်လာခဲ့သည်။

ကားမောင်းတော့လည်းစိတ်နဲ့လူနဲ့မကပ်။ပင်လယ်ကို
လာတိုင်းJungkookကိုယ်တိုင်ကားမောင်းခဲ့ပြီး သူကဘေးကအိပ်ရင်းပါလာနေကြ။ထိုကဲ့သို့သော
အမှတ်တရ တွေကိုမုန်းချင်စရာကောင်းလောက်အောင်
ပြန်အမှတ်ရနေသည်။

သူ့ကိုအယောင်အယောင်အမှားမှားဖြစ်အောင်
လုပ်နိုင်ခဲ့တဲ့jungkookကသိပ်ကိုတော်ပါသည်။
သူ့ကွယ်ရာမှာတစ်ခြားသောကောင်မလေးတွေနဲ့
နမ်းနေတာကိုသူဘယ်လိုနားလည်ပေးရမလဲ။

သူ့ကိုအစကတည်းကချစ်ခဲ့တာမှမဟုတ်တာလေ။
မချစ်ခဲ့ရင်လည်းသူ့ဆီကိုဘာဖြစ်လို့ရောက်လာခဲ့သေးလဲ။

ပင်လယ်ကိုရောက်တော့ ညနေပင်စောင်းနေပြီ။
ပင်လယ်ကြီးရဲ့နေဝင်ချိန်ကိုထိုင်ကြည့်ရသည်မှာ
ပျော်စရာဆိုပေမဲ့ တစ်ယောက်ထဲဆိုတဲ့အတွေး။
ထိုကဲ့သို့သောအတွေးကသူ့ကိုနာကျင်စေသည် ။

ဂျောင်ကုနဲ့သူဒီသဲသောင်ပြင်လေးမှာပဲ
တစ်ယောက်ကိုတစ်ယောက်အနမ်းတွေခြွေခဲ့ဖူးသည်။

သို့ ...||Taekook||√√[Completed]Donde viven las historias. Descúbrelo ahora