ရာသီဥတုသာယာပြီး နေသာနေ့တစ်နေ့ ဖြစ်သော်လည်းထယ်ယောင်း၏စိတ်အခြေအနေမှာ မသာယာနိုင်။
Jeon Jungkook & Kim Taehyung
ဟုပုံဖော်ထားသည့်အလှစာလုံးတွေက ထယ်ယောင်းရဲ့ စိတ်အခြေအနေကိုပိုဆိုးရွားစေသည်။
ဒီနေ့က သူနဲ့ဂျောင်ဂုရဲ့မင်္ဂလာဆောင်နေ့ ...။
မင်္ဂလာဆောင်ကို အချိန်နှစ်လလောက်ကြာမှ
လုပ်ဖြစ်မယ်လို့ ခန့်မှန်းထားပေမဲ့
ပွဲဖြစ်သွားသည့်အချိန်ကသူထင်ထားတာထက်ကို စောလွန်းနေသည်။ နှစ်ဦးနှစ်ဖက်ဆန္ဒ မပါတဲ့ဒီမင်္ဂလာပွဲကိုထယ်ယောင်းအနေနဲ့ မြန်မြန်ဆန်ဆန်မလုပ်စေချင်ပါ။
စံအိမ်နှစ်ခုရဲ့ဆုံးဖြတ်ချက်ကြောင့် နှစ်ပတ်အတွင်း မင်္ဂလာပွဲကဖြစ်မြှောက်သွားပြီး ဒီနေ့မှာ သူက မင်္ဂလာဆောင်ရတော့မည်။ဘယ်လောက်တောင်စိတ်ညစ်ဖို့ ကောင်းလိုက်သလည်း။
သားဖြစ်သူကိုယောကျာ်းပေးစားချင်နေတဲ့သူ့အဖေ
ဥက္ကဌကြီးနဲ့မင်္ဂလာပွဲကိုစောလုပ်ဖို့ပြောလာတဲ့ ဂျွန်စံအိမ်ကဂျောင်ကုအဖိုးနဲ့အဖွားကိုလဲအမြင်မကြည်ပါ။ တစ်လောကလုံးနဲ့ ရန်ဖြစ်ချင်နေသည်မှာ
ထယ်ယောင်းရဲ့အမှားတော့မဟုတ်။
အင်္ကျီလဲခန်းထဲမှာထိုင်နေရင်းသူ့ရဲ့ရှေ့လျှောက်
ဘဝကိုစဉ်စားကာ ရင်မောမိသည်။
အရင်ကလိုပုံစံနဲ့ဆိုဒီလိုနေ့မျိုးမှာရင်ခုန်နေမှာ
မှန်ပေမဲ့ ဒီနေ့တော့ သက်ပြင်းတွေသာ ချနေမိသည်။
သူ့ဘဝထဲကိုဂျောင်ကုရောက်လာမည်ဆိုသည့် အတွေးနဲ့တင်သူစိတ်ပျက်နေပြီ။
သေချာစဉ်းစားကြည့်ရင်ဂျောင်ကုသူ့ဘဝထဲ ဝင်လာခဲ့တဲ့နေ့ကစပြီးတော့ သူ့အတွက်ကောင်းတာ တစ်ခုမှမရှိခဲ့။
လက်ထပ်လိုက်လဲသူကတော့ပုံမှန်အတိုင်းပဲ
ဆက်ဆံမှာပင်။အခွံလွတ်အတိုင်းငါ့ဘဝထဲ ဝင်လာခဲ့တဲ့မင်းကို မချစ်ပေးနိုင်တော့ဘူး။
ဒီလိုပဲ ငါလည်းမင်းဘဝထဲကိုဘာခံစားချက်မှ မရှိတဲ့အခွံလွတ်အတိုင်းဝင်လာမယ်။
မိတ်ကပ်ပြင်ပေးတဲ့ ကောင်မလေးကမိတ်ကပ်ပြင်တာကို
လက်စသတ်လိုက်ပြီးသူ့ကိုကြည့်ကာ...
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)