တငြိမ့်ငြိမ့်သွားနေသောကားလေးအတွင်းမှ လေထုသည်အေးစက်လျက်ရှိသည်။ကားအတွင်းရှိကောင်လေးနှစ်ယောက်မှာလည်း ထိုနည်းတူစွာတိတ်ဆိတ်လျက်။
ဂျောင်ကုကမောင်းသူနေရာကနေကားမောင်းခြင်းကိုသာ
အာရုံစိုက်ထားပြီးLover seatနေရာက
ထယ်ယောင်းကလည်း ပြတင်းပေါက်ဘက်ကိုသာ
မျက်နှာမူထားသည်။ပြတ်သွားပြီဖြစ်တဲ့ရည်းစားဟောင်းတွေ ကားတစ်စီးထဲမှာ
အတူရှိနေရခြင်းအကြောင်းအရင်းမှာ ဂျွန် စံအိမ်နဲ့
ကင်မ်စံအိမ်ကြောင့်ပင်ဖြစ်သည်။စံအိမ်နှစ်ခုရဲ့အမိန့်ကိုငြင်းဆန်ခွင့်မရှိတဲ့ ကောင်လေးနှစ်ယောက်ကတော့မင်္ဂလာဆောင်ကို အောင့်သက်သက်နဲ့လက်ခံလိုက်ရသည်။
လက်ထပ်လက်စွပ်နဲ့ လိုအပ်တာတွေကို စီမံဖို့
စံအိမ်နှစ်ခုရဲ့အမိန့်ကြောင့် မချစ်သော်လဲအောင့်ကာနမ်း
ဆိုသည့်အတိုင်း အောင့်အီးပြီးထွက်လာရသည်။Shopping Centerကိုရောက်တော့
ကားပါကင်ထိုးပြီးနှစ်ယောက်အတူ Jewelry
ဆိုင်ရှိရာကိုတက်လာလိုက်သည်။CEO ကင်မ်နဲ့ဂျွန်သတင်းကခေတ်စားတာကြောင့်
လမ်းတစ်လျှောက်သူတို့ကိုအားကျတဲ့ မျက်လုံးတွေနဲ့
ကြည့်နေသူကအများအပြား။အားကျစရာဘာများ
ရှိနေလို့လဲ ။ ထယ်ယောင်းအတွက်ကတော့
စိတ်ပျက်စရာပင်။တစ်လမ်းလုံးလည်းနှစ်ယောက်သားစကားတစ်ခွန်းမှ
မပြောသလို ဆိုင်ရောက်သည်အထိ တိတ်ဆိတ်နေသေးသည့်
အတွက် ဂျောင်ကုက ချောင်းဟန့်လိုက်သည်။ သို့သော် ထယ်ယောင်းကတော့အလိုမကျသလိုတစ်ချက်ကြည့်ပြီး မျက်စောင်းပင်ထိုးသွားသေးသည်။ထယ်ယောင်းကိုကားမောင်းခေါ်လာတဲ့တစ်လျှောက်လုံး
သူ့ဘက်ကစကားမပြောခဲ့ဘူးဆိုပေမဲ့
Taehyungဘက်ကလည်းသူ့ကိုစကားတစ်ခွန်းမှ
မဟခဲ့။သူလည်းစကားပြောချင်စိတ်မရှိတာကြောင့်
ကားကိုသာအာရုံစိုက်ပြီးမောင်းလာခဲ့ရသည်။Jewelryဆိုင်ထဲရောက်သည်အထိထယ်ယောင်းက သူ့ကိုစကားမပြောတဲ့အပြင်မျက်စောင်းပါထိုးသွားသည့် အတွက်သူဒေါသထွက်သွားရသည်။