~13~

15.5K 1.3K 97
                                        

အချိန်တွေတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးကာ ဂျောင်ကုနဲ့ထယ်ယောင်းလက်ထပ်ထားသည်မှာ ရှစ်လကျော်ပင်ရှိခဲ့ပြီဖြစ်သည်။

ထယ်ယောင်းနဲ့ဂျောင်ကုဆက်ဆံရေးမှာ လက်ထပ်ခါစအချိန်လောက်မဆိုးတော့ဘဲနှစ်ဦးကြား ပြေပြေလည်လည်တော့ရှိလာခဲ့သည်။

ထယ်ယောင်းဘက်ကလည်းဂျောင်ကုရဲ့အမှားတွေကို ခွင့်လွှတ်သင့်သလောက်ခွင့်လွှတ်ပေးခဲ့သည်။ ဒါတွေဟာ တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ အချစ်တွေကိုထောက်ထားလို့
ဖြစ်ပါလိမ့်မည်။

ဂျောင်ကုသည်လည်းထယ်ယောင်းရဲ့မျက်နှာကို တစ်ချက်ပင်အငြိုးမခံသူမို့၊ထယ်ယောင်းစိတ်ဆင်းရဲရမည့် ကိစ္စ သူ့ကြောင့်ဒေါသထွက်ရမည့်ကိစ္စမျိုးမရှိလာအောင် အတတ်နိုင်ဆုံးဆင်ခြင်ကာနေထိုင်လာသည်။အရင်က ဂျောင်ကုဆိုတာဘယ်ဆီနေလို့နေမှန်းမသိလောက်တဲ့အထိ ဂျောင်ကုဟာ ထယ်ယောင်းမျက်နှာတကမ္ဘာဖြစ်လို့နေသည်။

ထယ်ယောင်းနဲ့ဂျောင်ကုကြားမှာမာနဆိုတဲ့ အရာလေးတစ်ခုခံနေသေးသည့်အတွက် နှစ်ယောက်ကြားအဆင်ပြေပေမဲ့ ချစ်ကြောင်း ကြိုက်ကြောင်းကိုတော့ပါးစပ်ကနေယောင်လို့တောင် မထွက်ကြသေးပေ။

ထယ်ယောင်းဘက်ကကြည့်လျှင်လည်းဂျောင်ကုကို
ခွင့်လွှတ်ပေမဲ့ အချစ်ကြိုးနဲ့ချည်နှောင်ဖို့ရာ စိုးထိတ်နေမိသည်။ တစ်ချိန်ကအချစ်ကြောင့် ခဲမှန်ဖူးတဲ့စာသူငယ်လေးတစ်ကောင်ဖြစ်ခဲ့ဖူးသည်
မဟုတ်လား။

နှစ်ယောက်ကြားပျက်စီးသွားတဲ့ယုံကြည်မှုတွေဟာ ပြန်လည်တည်ဆောက်ဖို့ အချိန်ယူသင့်သလောက် ယူခဲ့ရသည်။ ဒဏ်ရာပေါ်ဒဏ်ရာဆင့်မိမဲ့ဖြစ်ရပ်မျိုးကိုလည်း
ကြောက်နေမိသည်။

ထယ်ယောင်းမသိစိတ်ထဲမှာတော့အချစ်ကိုမျက်စိ
စုံမှိတ်ပြီး ယုံလိုက်ချင်သည်။အချစ်ကအသွားအပြန်
ရှိတယ်လို့ ဆိုကြတာပဲမဟုတ်လား။

ဂျောင်ကုကတစ်ဇွတ်ထိုးလုပ်တတ်ပေမဲ့ ထယ်ယောင်းကိုတော့လက်ထပ်ပြီးထဲက မသိမသာလက်ကိုင်တာ၊ဖက်တာကလွှဲရင် ကျန်တာအခွင့်အရေးမယူ။

ဂျောင်ကုဟာလည်းသူ့ရဲ့အမှားတွေကို နောင်တရနေပုံရပါသည်။ငယ်ရွယ်ချိန်က ရခဲ့တဲ့
စိတ်ဒဏ်ရာတွေကိုမရင့်ကျက်မှုအဖြစ်နဲ့အသွင်ပြောင်းလိုက်တာဟာ ဂျောင်ကုဘဝထဲကိုနောင်တတွေတသီတစ်သန်း
ဝင်လာစေသည်။

သို့ ...||Taekook||√√[Completed]Dove le storie prendono vita. Scoprilo ora