ထယ်ယောင်းမှာဒဏ်ရာဒဏ်ချက်တွေကြောင့်
မနေ့ကတစ်နေ့လုံးပင်ပန်းကာ ကုတင်ပေါ်ကနေကို
မထနိုင်။ဆေးအရှိန်ကြောင့်ပြန်ပြန်အိပ်ပျော်သွားသည်။
မင်ယွန်းဂီနဲ့ဂျီမင်းကထယ်ယောင်းကိုအရိပ်
တကြည့်ကြည့်ဖြင် ဂရုစိုက်တာပေးကြသည်။
တစ်ရက်လုံးအိပ်ပျော်နေတဲ့အချိန်တွေမှာ ထယ်ယောင်းအိပ်မက်တွေမက်သည်။ အိပ်မက်ထဲမှာ ဂျောင်ကုဟာကလေးလေးနဲ့အတူပြေးလွှားကာ ဆော့နေပြီးပျော်ရွှင်နေပုံပင်။ထိုအိပ်မက်ကြောင့် ထယ်ယောင်းရင်ဘက်တွေစူးအောင့်လာပြီး အိပ်မက်ကနေလန့်နိုးလာတော့သည်။
ဒါကထယ်ယောင်းကလေးအပေါ်မှာမတရားရာ ကျလွန်းတယ်မဟုတ်ဘူးလား။ထယ်ယောင်းက စိတ်မာပေမဲ့လည်း ကိုယ်ဝန်ဆောင်ကာလရဲ့ စိတ်အပြောင်းအလဲကြောင့် ဝမ်းနည်းကာ
မျက်လုံးထဲမျက်ရည်ဝဲခနဲ။
ထယ်ယောင်းရဲ့မျက်စိအရှေ့မှာအိပ်မက်ထဲကလို မြင်ကွင်းမျိုးပေါ်လာခဲ့ရင်ထယ်ယောင်းခံနိုင်ရည်ရော ရှိပါ့မလား။ မာနအခံလေးကျ ကျခါနီးမျက်ရည်တွေကို လက်နှစ်ဖက်ဖြင့်သုတ်ပစ်လိုက်သည်။
ခံနိုင်ရည်မရှိလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပေါ့။
မကြာခင်မိသားစုအသစ်နဲ့ပျော်နေမဲ့သူကိုထယ်ယောင်းက
ကြေကွဲပြီးထိုင်ကြည့်နေမဲ့လူမျိုးမှမဟုတ်ဘဲလေ။
ထယ်ယောင်းနိုးနေပြီးဖြစ်တာကြောင့်အတွင်းရေးမှူးကို ဖုန်းဆက်ကာလိုအပ်တာတွေမှာပြီး အိမ်ကိုသာ
လာခိုင်းလိုက်ရသည်။ ဂျီမင်းနဲ့ကိုကိုကတော့ အိမ်ကိုခဏပြန်ကြပြီးအဝတ်အစားသွားယူကြတာမို့ အိမ်ကြီးထဲမှာ ထယ်ယောင်းနဲ့အဒေါ်ကြီးနဲ့နှစ်ယောက်သာ ရှိသည်။
အတွင်းရေးမှူး ရောက်လာမည့်အချိန်ကိုစောင့်နေတုန်းမှာ ထယ်ယောင်းရဲ့အမေနဲ့ယောက္ခမဖြစ်သူကအိမ်ကို ရောက်လာသည်။
ဂျောင်ကုနဲ့သူ့အကြောင်းကိုအဒေါ်ကြီးဆီကနေ တစ်စွန်းတစ်စသိခဲ့ပုံရပြီးအခန်းထဲကို ပျာပျာသလဲ ဝင်လာတော့သည်။ကုတင်ပေါ်ကထယ်ယောင်းပုံစံကို တွေ့သွားတော့ပို၍ပင်ထိန့်လန့်သွားကြသည်။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)