ညနေလေးနားရီထိုးတော့အအိပ်ဆတ်တဲ့ ထယ်ယောင်းကနိုးလာသည်။ဘေးကိုကြည့်တော့
ဂျောင်ကုက ပါးစပ်ကြီးဟကာနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတုန်းပင်။အိပ်သာပျော်နေတာထယ်ယောင်းကိုဖက်ထားလိုက်တာ အသက်ရှုကြပ်မတတ်ပင်။
ပင်ပန်းနေတဲ့ဂျောင်ကုကိုထယ်ယောင်းလဲအိပ်စေချင်သေး
တာကြောင့် လက်ကိုအသာဖယ်ကာ ကုတင်ပေါ်ကနေ ထလာလိုက်သည်။ရေမိုးချိုးကာပြင်ဆင်စရာရှိတာပြင်ဆင်ပြီး နာရီဝက်လောက်
ကြာမှ သွားနိုးတော့ ကိုယ်တော်ချောက သူ့ကိုဖင်ပေးပြီး
တစ်ဖက်ကိုလှည့်ကာအိပ်ပျော်နေပြန်သည်။"ဂျောင်ကု ဆေးခန်းသွားရအုံးမယ်။
ထတော့လေ။"ခါတိုင်းရက်တွေဒီအချိန်တွေမှာအလုပ်လုပ်နေရတော့ သူလည်းအိပ်ချင်နေမှာကိုထယ်ယောင်းနားလည်ပါသည်။ဒါပေမဲ့တစ်ယောက်ထဲ ဆေးခန်းသွားပြန်ရင်လဲ သူကထယ်ယောင်းကိုစိတ်ဆိုးသေးတာ။
"အရမ်းအိပ်ချင်နေလို့လား။ငါကိုကိုနဲ့ ဂျီမင်းကိုပဲလိုက်ပို့ခိုင်း...."
"ထပြီ ..ထပြီ"
သူများကိုလိုက်ပို့ခိုင်းမယ်ပြောတော့လဲမကြိုက်ပြန်။
ချက်ချင်းထလာပြီးဆေးခန်းသွားဖို့ပြင်ဆင်သည်။ကြိုချိန်းထားတာမို့ဆေးရုံကိုရောက်တာနဲ့စမ်းသပ်ခန်းထဲကို တန်းဝင်ရသည်။ဘိုဂမ်ဟျောင်းကကသူ့ကိုအေးဆေး
ဆွေးနွေးလို့ရအောင်လူရှင်းတဲ့အချိန်တမင်ခေါ်ပေးထားတာ ဖြစ်သည်။ဘိုဂမ်ဟျောင်းနဲ့စကားပြောတော့ဂျောင်ကုက ထယ်ယောင်းဘေးမှာ ဝင်ထိုင်ကာနားထောင်သည်။"ဟျောင်းက ဒီလောက်မြန်မယ်မထင်ထားဘူး။ အဟမ်းထယ်ယောင်းတို့နှစ်ယောက်ကသွက်သားပဲ။"
"ဟျောင်း!!"
ဘိုဂမ်က ထယ်ယောင်းနဲ့ဂျောင်ကုကိုစတော့
ထယ်ယောင်းကရှက်ပြီးအော်ကာလှမ်းတားရသည်။
ဂျောင်ကုကတော့ ရီကျဲကျဲ ဖြင့်ဟျောင်းစကားကို အတော်လေးသဘောကျနေပုံပင်။"ကဲပါ မစတော့ဘူး။ ကိုယ်ဝန်ကို ဟျောင်းဆီမှာ
လာအပ်တာဆိုတော့ဟျောင်းစကားတွေကို
နားထောင်ရမယ်နော်။အခုတော့စမ်းသပ်ကြည့်ရအောင်"