Unicode
[AN-(Include Warning) ဘေဘီလေးတွေဆိုကျော်သွားပေးပါ။ ဒါမှမဟုတ်လဲ 18ယောက်စုပြီးဖတ်:")]
"နင်လို့ နှစ်ကောင်က တော်တော်မျောက်ထတာဘဲ"
ဂျောင်းဟျောင်းကမပီကလာပီကလာအသံလေးနဲ့
ဆရာမကြီးစတိုင် ဖမ်းပြီးသူ့အရှေ့မှာပြေးဆော့နေတဲ့ ထယ်ကုနဲ့ ယွန်ဂျီ ကိုကြည့်ကာ စိတ်ညစ်သလိုပုံစံနဲ့ လှမ်းအော်လေသည်။ဂျီမင်းနဲ့ယွန်ဂီရဲ့သားဖြစ်တဲ့ယွန်ဂျီကဂျောင်ဟျောင်းရဲ့
မောင် ထယ်ကုနဲ့ပေါင်းလိုက်လျှင် မျောက်လွှဲကျော်လို့ နာမည်ပေးရတဲ့အထိသောင်းကျန်းကြသည်။မျောက်ကလေးနှစ်ကောင်ကြားလူကြီးကလေးလို ပြုမူတတ်တဲ့ဂျောင်ဟျောင်းနဲ့တင် အိမ်ထဲဆူညံသံ အပြည့်ပင်ဖြစ်နေတော့သည်။
"ပါးပါး သမီးလေး ဘာလုပ်နေလဲ"
အိမ်အပေါ်ထပ်ကနေသူ့ ပါးပါးရဲ့ခေါ်သံ ကြားတော့သူ့မောင်တွေဖွထားလို့ ရှုပ်ပွနေတဲ့
ဧည့်ခန်းကြီးကိုကြည့်ကာဂျောင်ဟျောင်းကသက်ပြင်း
တစ်ချက်ချလိုက်သည်။ ဒီမျောက်လောင်းတွေကို
ထားခဲ့ပြီး သမီးကပါးပါးဆီလာလို့ဘယ်ဖြစ်မလဲ။ အိမ်အောက်ထပ်ရှုပ်ပွနေရင် ပါးပါးကဆူအုံးမယ်။"ဂျောင်ဟျောင်းလေး ပါးပါးခေါ်နေတယ်။
ဂျီဂျီ ထယ်ကုနဲ့ယွန်ဂျီကိုကြည့်ထားလိုက်မယ် အပေါ်ကိုသွားလိုက် သွား။"ထယ်ယောင်းနဲ့စကားပြောပြီးပြန်လာတဲ့ဂျီမင်းက ဂျောင်ဟျောင်းပါးလေးကို ခပ်ဖွဖွဆွဲပြီး ဂျောင်ဟျောင်းကိုအပေါ်တက်သွားဖို့ပြောတော့မှ
ဂျောင်ဟျောင်းကအပေါ်ထပ်ကိုတက်သွားသည်။အိပ်ခန်းထဲစောင့်နေတဲ့ထယ်ယောင်းက သူ့သမီးရောက်လာတော့ ကုတင်ပေါ်ကနေ
လှမ်းခေါ်သည်။"နေအုံး ပါးပါးကိုဘီးနဲ့သရေကွင်းဘူးလေးယူခဲ့ပေး"
ကုတင်ပေါ်မရောက်ခင်မှန်တင်ခုံကိုလက်ညိုး ထိုးပြီးပြောတော့ဂျောင်ဟျောင်းလေးက ကော့တော့ကော့တော့နဲ့သွားယူပြန်သည်။
ဘီးနဲ့သရေကွင်းဘူးကိုသူ့ပါးပါးပါးလက်ထဲ ထည့်ပေးပြီးတာနဲ့ဂျောင်ဟျောင်းကအလိုက်
တသိလေး သူပါးပါးကိုကျောပေးထိုင်လိုက်၏။
ထယ်ယောင်းကသူ့သမီးကိုခေါင်းဖြီးပေးရင်း
![](https://img.wattpad.com/cover/251622353-288-k458924.jpg)