"မင်းကိုမချစ်သေးရင်တောင် ချစ်ချင်မိတယ် ထယ်ယောင်း"
ဂျောင်ကုကထယ်ယောင်းလက်ကိုဆွဲကိုင်ပြီး ပြောနေတာမို့ထိုလက်တွေထဲမှထယ်ယောင်း ရုန်းထွက်လိုက်မိသည်။ထယ်ယောင်းရဲ့ အသက်ရှုနှုန်းကပုံမှန်အလုပ်မလုပ်တော့ပေမဲ့ ထယ်ယောင်းရဲ့မျက်နှာထားကတော့ တည်ငြိမ်လွန်းလှသည်။
"ငါ့ကိုခွင့်လွှတ်ပေးပါ။ "
"ငါမင်းကိုမယုံတော့ဘူး။ မင်းကငါ့အပေါ်
ထပ်ပြီးသစ္စာမဖောက်နိုင်ဘူးဆိုတာသေချာလို့လား ကတိတွေရောတည်နိုင်ရဲ့လား။"
ဂျောင်ကုကထယ်ယောင်းမျက်ဝန်းတွေကို
စိုက်ကြည့်နေပေမဲ့ထယ်ယောင်းဘက်ကပင်
အကြည့်စလွှဲလိုက်သည်။
ထယ်ယောင်းရဲ့အပြင်ပန်းအသွင်က ကျောက်တုံးလိုပဲမာကျောတယ်။ လွယ်လွယ်မပျက်စီးတတ်ဘူး။
ထယ်ယောင်းသူ့ရဲ့စကားတွေကိုမယုံပေးနိုင်တာလည်း
ဖြစ်သင့်ပါတယ်လေ။
သူ့ဆီကရုန်းထွက်သွားတဲ့ထယ်ယောင်းရဲ့ လက်တွေပြန်ဆုတ်ကိုင်လိုက်ရင်း။
"ကိုယ်ထယ့်အပေါ်မှာအရမ်းမှားခဲ့တယ်။ ကိုယ်ရဲ့ပုံမှန်စိတ်အတိုင်းဆိုထယ့်ကို
ဒီလိုပြောမှာမဟုတ်ဘူးဆိုတာထယ်အသိဆုံးပါ။
ကိုယ်ကြောင့်ထယ်နဲ့ကိုယ်ဒီလောက်အထိဝေးခဲ့ပြီးပြီ။ ကိုယ်ထယ်နဲ့ဒီထက်ပိုပြီးမဝေးချင်တော့ဘူး။"
ရုတ်တရက်ကြီး"ကိုယ်"ဆိုတဲ့အသုံးအနှုန်းနဲ့ ထယ်ယောင်းရှေ့မျက်နှာငယ်လုပ်နေတာကို ကြည့်ပြီးထယ်ယောင်းမျက်နှာကခပ်တင်းတင်း။ ဒါကရောသူ့ရဲ့ဘယ်လိုလှည့်ကွက်မျိုးလည်း။
"အဲ့ဒါမင်းကိုယ်တိုင်လုပ်ခဲ့တာ။ ဒီလိုအခြေအနေကို
ရောက်အောင်မင်းကိုယ်တိုင် လုပ်ခဲ့တာဒါကငါ့အပြစ်မဟုတ်ဘူး။ Aliceနဲ့ ပတ်သတ်နေသ၍ ငါမင်းကိုယုံတော့မှာမဟုတ်ဘူး။"
"တောင်းပန်ပါတယ်။ ကိုယ်ဆင်ခြင်ပါ့မယ်။
ငယ်ငယ်ထဲကပေါင်းလာတာဆိုတော့ချက်ချင်း
ကြီးအဆက်အသွယ်ဖြတ်ဖို့ကတော့မဖြစ်နိုင်ဘူးလေ။"
ထယ်ယောင်းဂျောင်ကုကိုဘာမှပြန်မပြောမိ။ မပြောချင်တာဆိုပိုမှန်လိမ့်မည်။ကိုင်ခံထားရတဲ့သူ့ရဲ့
လက်တွေကိုရုန်းလိုက်ပြီးပင်လယ်ပြင်ဘက်ကို
မျက်နှာမူထားလိုက်သည်။ဆုံးဖြတ်ချက်တွေကို ဒီလောက်လေးတောင်မပြတ်သားနိုင်တဲ့မင်းကို ငါကယုံကြည်ပေးရအုံးမှာလား။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)