ခံစားချက်တွေအနည်ထိုင်သွားပြီးနောက် တည်ငြိမ်စပြုလာတဲ့ထယ်ယောင်းတို့၏ဆက်ဆံရေးသည် အေးသတဲ့အေးစက်လာခဲ့သည်။
ဂျောင်ကုဟာလည်းAliceကိုစောက်ရှောက်ရင်း အလုပ်တစ်ဖက်နဲ့ဖြတ်သန်းနေတယ်လို့ထယ်ယောင်း ကြားမိတော့ ရင်ထဲနည်းနည်းတော့ခံစားခဲ့ရသေးသည်။
သို့သော်လည်း ထယ်ယောင်းဟာကိုယ့်အတွက် မဟုတ်တဲ့လူအတွက် စိတ်အရှုပ်မခံနိုင်ဘူး။
နာစရာရှိရင်စိတ်ဖြေသာအောင်ကလေးကိုသာ အာရုံထဲထည့်ထားသည့်အတွက်ကြောင့် ထယ်ယောင်း ဟာသူတို့ထင်ထားသလို လွယ်လွယ်နဲ့မပြိုလဲသွားတော့ဘူး။
ကုမ္ပဏီကိစ္စတွေကလည်းထယ်ယောင်းနဲ့ ထယ်ယောင်းအဖေနှစ်ယောက်ထဲသာကိုင်တွယ်ခဲ့ရတာကြောင့် အလုပ်ကိစ္စနဲ့တင် အချိန်တွေမအားလပ်တော့ချေ။
စာရွက်ပုံတွေထဲခေါင်းစိုက်နေရတဲ့CEO ကင်မ် ဟာနဂိုမူလကအတိုင်းအလုပ်သရဲလေးပြန်ဖြစ် သွားရပြန်သည်။
ရုံးခန်းထဲဝင်လာတဲ့ဂျီမင်းမှာအလုပ်ပုံကမထွက်တဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ကာသက်ပြင်းချမိတော့သည်။
ဂျီမင်းဝင်သွားသည့်တိုင်ထယ်ယောင်းကသတိမထားမိသေး။
တံခါးကိုနှစ်ချက်လောက်ခေါက်ကာအသံပေးလိုက်တော့မှ
အပေါက်ဝကဂျီမင်းရှိရာကိုလှမ်းကြည့်လာသည်။
"ဗိုက်ပူCeoရေ ဆေးရုံသွားရအုံးမှာကို
မေ့နေတာလား။"
ထယ်ယောင်းကဂျီမင်းဝင်လာတာတွေ့မှ စားပွဲပေါ်က
ဖိုင်တွေကို သေချာပြန်စီထားပြီး ထိုင်ခုံမှထလာသည်။
"မမေ့ပါဘူး။ငါအလုပ်မပြီးသေးလို့။ကိုကိုရော..။"
"ကားထဲမှာ။သွားမယ်လေ အချိန်နီးနေပြီ။"
ထယ်ယောင်ကျန်နေသေးတဲ့ဖိုင်အထပ်ကြီးကို
အတွင်းရေးမှူးမင်အတွက်ပုံထားပေးပြီးဂျီမင်းတို့အတွဲနဲ့
အတူ ဆေးရုံကိုထွက်လာရသည်။ အတွင်းရေးမှူးခေါင်းပေါ် အလုပ်တွေပုံခဲ့မိတာကို စိတ်မကောင်းပေမဲ့မတတ်နိုင်ဘူး အတွင်းရေးမှူးမင်ရေ။ နည်းနည်းတော့ပင်ပန်းရအုံးမှာဘဲ။
ကိုကို့ကားနဲ့ရက်ချိန်းအတွက်ဆေးရုံကို အတူတူသွားရသည်။ထယ်ယောင်းတစ်ယောက်တည်းသွားနိုင်ကြောင်း ပြောပေမဲ့ကိုကိုနဲ့ဂျီမင်းကလက်မခံ။ ကလေးလေး အပြင်ထွက်လာတဲ့အထိဂရုမစိုက်ရရင်မကျေနပ်ဘူး ဆိုကာထယ်ယောင်းကို အတင်းအကြပ်ဂရုစိုက်ကြသည်။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)