မနက်ခင်းမနက်စာစား၊ရေမိုးချိုးပြီးတာနဲ့ဆေးခန်း အတူသွားကြဖို့ပြင်ထားပေမဲ့မပြောမဆိုနဲ့ရောက်ချလာတဲ့ ထယ်ယောင်းမိဘနဲ့ယောက္ခမတွေကြောင့်အစီအစဉ် ပျက်သွားရသည်။
ထယ်ယောင်းမေးကြည့်လိုက်သိပ်ချစ်ကြတဲ့စံအိမ်နှစ်ခုက
လူတွေကအချိန်တိုက်ပြီးတော့ကို ရောက်လာကြတာတဲ့လေ။
စင်ကာပူကပြန်ရောက်ကတည်းကကိုယ်ဝန်အကြောင်း အသိမပေးရသေးတာကြောင့်ဆေးခန်းပြပြီးမှ အသေအချာပြောပြဖို့လုပ်ထားတဲ့ ထယ်ယောင်းမှာ မိဘတွေဆူတာကိုခံလိုက်ရသည်။
နှစ်ဖက်မိဘရောက်လာတာကဂျောင်ကုရဲ့ စနက်ကလွဲလို့တစ်ခြားဘာမှမဖြစ်နိုင်။
သေချာပေါက်ဂျောင်ကုပဲ။
ဒီလိုကိစ္စကိုသူတို့ကိုမပြောပြရကောင်းလာဆိုပြီး
ထယ်ယောင်းကိုဧည့်ခန်းမှာထိုင်ပြီးဝိုင်းဆူနေကြတော့
ထယ်ယောင်းရဲ့နှုတ်ခမ်းလေးကမသိမသာဆူလာတော့သည်။သူ့ဘေးမှာထိုင်နေတဲ့ဂျောင်ကုကိုလဲ စကားမပြောဘဲ
မျက်စောင်းတွေလိမ့်ထိုးနေတော့သည်။ထယ်ယောင်းက
သူ့ကြောင့်အဆူခံနေရတာလေ။
"သားမက်လေးကိုမျက်စောင်းကြီးဘဲထိုးမနေနဲ့ သူသာမပြောပြရင်အမေတို့ကဒီကိစ္စကိုသိရပါတော့မလား။"
အမေဖြစ်သူကဆူတော့ထယ်ယောင်းမှာ ဂျောင်ကုကိုအမှုန့်ကြိတ်ချင်စိတ်ပေါက်လာရ၏။
ဘယ်သူကဖုံးထားလို့လဲ။လူကြီးတွေပိုစိတ်အေးရအောင်လို့
ဆေးခန်းလေးသွားပြီးမှ အသေအချာပြောပြဖို့ လုပ်ထားတာကို ။
အမေအော်တာကို ဂျစ်ကန်ကန်ပြန်ဖြေရှင်းချင်ပေမဲ့
အဖေပါပါလာသည်မို့ ထယ်ယောင်းမှာ တစ်ခွန်းနှစ်ခွန်းသာ ရှင်းပြရပြီး ငြိမ်နေရသည်။
"ကဲ...Mrs.Kimရယ်ငါတို့မြေးလေးကို
မအော်ပါနဲ့တော့မြေးကဖုန်းနဲ့လှမ်းပြောရင်
ပေါ့ပျက်ပျက်သဘောဖြစ်မှာစိုးလို့ ဟုတ်တယ်မလား။"
ဂျောင်ကုအဖွားကထယ်ယောင်းဘက်ကဝင်ကာပြီး
ပြောပေးတော့ထယ်ယောင်းမှာစစ်ကူရသွားသလို
ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
"အခုဆိုဘယ်နှစ်ပတ်ရှိပြီလဲ မြေး။"
"သုံးပတ်ပါ အဖွား။"
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)