~16~

13.5K 1.2K 59
                                    

စင်ကာပူမှာ အရေးကြီးကိစ္စအစည်းအဝေးလုပ်နေရင်း ထယ်ယောင်းကရုတ်တရက်မူးလဲသွားတာကြောင့်
အတွင်းရေးမှူးမင် ခေါင်းတောက်ရတော့သည်။Bossယောကျာ်းသာသိရင် အတွင်းရေးမှူးမင်
ဂရုမစိုက်ဘူးဆိုပြီးအပြစ်တင်မှာ။

ဆေးရုံနံ့မကြိုက်တဲ့ထယ်ယောင်းကိုအတွင်းရေးမှူးမင်က
တည်းနေတဲ့ဟိုတယ်ကိုသာပြန်ခေါ်လာသည်။
ဟိုတယ်ကို ဆရာဝန်ရောက်လာပြီးထယ်ယောင်းလည်း
သတိပြန်လည်လာမှ အတွင်းရေးမှူးမင်ခင်ဗျာ သက်ပြင်းချနိုင်တော့သည်။

စစ်ဆေးပေးတဲ့ဆရာဝန်မျက်နှာကပြုံးစိစိနဲ့ ထယ်ယောင်းကိုကြည့်လိုက်အတွင်းရေးမှုးမင်ကို  ကြည့်လိုက်နဲ့သူမှာဘယ်သူ့ကိုပြောရမှန်းမသိ ဖြစ်နေပုံရသည်။

"ကိုယ်ဝန်၂ပတ်ပါ။congratulationsပါ"

ထယ်ယောင်းရဲ့မျက်နှာချက်ချင်းပူထူသွားပြီး
ဘယ်နေရာ ထားလို့ထားရမှန်းမသိတော့။
ဆရာဝန်ကကိုရီယားလူမျိုးမဟုတ်လို့တော်ပါသေးသည်။

ဒီကိစ္စကအထူးအဆန်းကြီးတော့မဟုတ်ပေမဲ့ ဒီလောက်အထိမြန်မယ်လို့တော့ထယ်ယောင်း
မထင်ထားတာအမှန်။

အတူနေလာတဲ့အချိန်ကနှစ်လကျော် သုံးလရောက်နေပြီမို့ရသင့်တဲ့အချိန်တော့တန်နေပါပြီ။

အတွင်းရေးမှူးမင်ကဆရာဝန်ကိုလိုက်ပို့ပေးပြီး အိပ်ခန်းထဲကိုပြုံးစိစိနဲ့ဝင်လာပြန်သည်။

"အတွင်းရေးမှူးမင်.."

"ဟုတ်ကဲ့"

သူ့ရဲ့စပ်ဖြီးဖြီးရုပ်ကိုထယ်ယောင်းအရှေ့မှာတည်အောင် အတော်လေးကြိုးစားနေပုံရသည်။ ဆရာဝန်ရှေ့မှာထဲက ရှက်နေပါတယ်ဆိုဒီအတွင်းရေးမှုးကတစ်မှောက်။

"ဒီကိစ္စ ဂျောင်ကုမသိပါစေနဲ့"

"ဟုတ်ကဲ့ပါ Boss"

"စိတ်ချမယ်နော်..."

"စိတ်ချပါBoss"

အတွင်းရေးမှူးမင်အကြောင်းကိုသိထားသူဖြစ်လို့ အရင်ဆုံးသတိပေးထားရသည်။ဂျောင်ကုသာ ဒီကိစ္စကိုသိကြည့် ချက်ချင်း စင်္ကာပူကိုရောက်ချလာမှာ။

သို့ ...||Taekook||√√[Completed]Onde histórias criam vida. Descubra agora