~14~

14.2K 1.3K 65
                                    

ထယ်ယောင်း ကုမ္ပဏီကိုရောက်နေပေမဲ့စိတ်က အလုပ်ထဲမှာမရှိ။ဂျောင်ကုမွေးနေ့ကိုဒီတိုင်း မသိချင်ယောင်ဆောင်ပြစ်ဖို့လုပ်ထားပေမဲ့  စိတ်ထဲတော့မကောင်းမိ။ဘယ်သူမဆိုမွေးနေ့မှာတော့ ပျော်ရွှင်ချင်ကြတယ်မလား။

ထယ်ယောင်းသာကိတ်လေးဖြစ်ဖြစ်ဝယ်ပေးလိုက်ရင် ဂျောင်ကု နည်းနည်းလောက်ပျော်သွားမလား။

နောက်တော့ဘိုဂမ်ဟျာင်းရဲ့ ဆေးရုံရက်ချိန်းနဲ့
တိုက်နေသည်ကို သတိရသွားသည်။
ဆေးရုံရက်ချိန်းသွားရမဲ့ရက်နဲ့ဂျောင်ကုမွေးနေ့နဲ့
တိုက်နေတာကြောင့် ဘိုဂမ်ဟျောင်းကိုအကျိုးအကြောင်း ပြောပြီး ရက်ချိန်းကိုရွေ့ဖို့လုပ်ရသည်။

ဂျောင်ကုမွေးနေ့မှာကိတ်လေးဖြစ်ဖြစ်လုပ်ပေးချင်သည်။

"ဟျောင်း...ထယ်ယောင်းပါ။"

"အိုက်ဂူး ထယ်ယောင်းဂီ ဟျောင်းအခုပဲဖုန်းဆက်မလို့ နေလည်စာမစားရသေးဘူးမလား ကုမ္ပဏီအောက်ကို ဆင်းလာခဲ့ လမ်းကြုံလို့နေလည်စာစားဖို့ဝင်ခေါ်တာ"

"အာ...."

တစ်ဖက်ကဟျောင်းအသံကတက်တက်ကြွကြွနဲ့မို့ ထယ်ယောင်းလည်းငြင်းဖို့အားနာသွားရသည်။

"အော ဒါဆိုခဏစောင့်နော်  ကျွန်တော်ဆင်းခဲ့မယ်။"

ဟျောင်းနဲ့နေလည်စာစားတော့မှရက်ချိန်းမလာ ဖြစ်ကြောင်းပါတစ်ခါတည်းပြောလိုက်သည်။

"ရက်ချိန်းဆေးလာယူမယ်တော့ပြောတယ်။ ထယ်ယောင်းတို့က အတူရောနေဖြစ်ရဲ့လား"

"အဟွတ်...အဟွတ်"

ဆရာဝန်ပီပီပွင့်လင်းမြင်သာစွာပြောထည့်လိုက်သည်မို့ ထယ်ယောင်းမှာ သောက်လက်စရေပါသီးသွားရသည့်အဖြစ်။

"ဖြေးဖြေးသောက်မှပေါ့ ထယ်ယောင်းရယ် "

"အဟမ်း...."

စိတ်ပူပြီးတစ်ရှုးကမ်းပေးတဲ့ ဘိုဂမ်ဟျောင်းဆီက
တစ်ရှုးယူလိုက်ပြီးအရှက်ပြေချောင်းတစ်ချက်
ဟန့်လိုက်ရသည်။အဲ့ဟျောင်းကလူပျိုကြီးဖြစ်မှာ အစားအသောက်စားနေတဲ့အချိန်အဲ့လိုကိစ္စကြီး ပြောစရာလား။

သို့ ...||Taekook||√√[Completed]Wo Geschichten leben. Entdecke jetzt