ဆွဲထားနိုင်မှာလား.....?
ရန်ကုန်မြို့တော်၏ အထင်ကရ ဆေးရုံတစ်ခုတွင် ခက်ဆစ်
တစ်ယောက် နာကျင်မှုကို ခံစားနေရသော်လည်း မမှုနိုင်ပါ...။
အနာခံမှ အသာစံ ဆိုတဲ့ ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားပုံကို
အနည်းငယ်တော့ ယုံချင်မိသည်။လအတော်ကြာ နာကျင်မှုကို ခံစားပြီးတော့ သတင်းကောင်းလေး ရောက်လာခဲ့ပြီး...။
"ဂုဏ်ယူပါတယ်...ကိုခက်ဆစ်...ကိုခက်ဆစ် ကိုယ်ဝန်ဆောင်နိုင်သွားပါပြီ...။"
ဒေါက်တာပြောလိုက်တဲ့ စကားက ခက်ဆစ်ဘဝ၏ တစ်ချိုးကွေ့ ပြောင်းလဲမှုကြီးပင်...။
ထိုပြောင်းလဲမှုကြီးသည်လည်း ခက်ဆစ်ကိုယ်တိုင်ပင် လုပ်ယူခဲ့သည်မို့လား...။
အိမ်ထောင်သက် ငါးနှစ်အတွင်း ခက်ဆစ်သည် မာန်အပေါ်
ချစ်ခဲ့ပါသည်။ ယုံကြည်ခဲ့ပါသည်။ သို့သော် ထိုစကားများက အလိမ်အညာများဆိုတာကိုလည်း ခက်ဆစ် သိသည်။မိဘများကိုပင် ဆန့်ကျင်၍ ရွေးချယ်ခဲ့သည် မိမိဘဝ၏
လက်တွဲဖော်ကို သက်ဆုးံတိုင် ပျော်ရွှင်စွာနှင့် ပေါင်းဖက်သွားမည်ဟု ခက်ဆစ် အိမ်မက်များ မက်ဖူးသည်။သို့သော် အချစ်သာပါသော်လည်း ယုံကြည်မှုမရှိတဲ့ အိမ်ထောင်ရေးကြောင့် ခက်ဆစ် ကြာလာသည်နှင့် စိတ်ပျက်လာသည်။ ခက်ဆစ်ကသာ ချစ်ရပြီး ယုံကြည်ပေးခဲ့ပါသည်။
ဗီဇဆိုတာ လူတွေ မွေးကတည်းက ပါလာတတ်သလို ပြင်မရတဲ့ အရာတစ်ခုဖြစ်သည်။
ရူပ်ပွေတတ်သည့် ဇွဲမာန်ထက်ကို ချစ်မိခဲ့တာကြောင့် အချစ်ဆုးံ သူငယ်ချင်းနှင့်ပင် အဆက်သွယ်ပြတ်ကာ ရှေ့မှ ရင်ဆိုင်ပေးဖူးသည်။
"ခက်...မင်း..ဇွဲမာန်ထက်ကို မယုံနဲ့...သူက ခက်တစ်ယောက်တည်းကို ချစ်တာမဟုတ်ဘူး..."
"မင်း...မင်းမှားနေပြီး..မာန်က ငါ့တစ်ယောက်တည်းကိုပဲ ချစ်တာ...မင်း...သူကို အဲလိုထပ်ပြောနေမယ်ဆိုရင် ထွက်သွားလိုက်တော့..."
"ခက်...မင်းကွာ...မင်း..ဘယ်တော့မှ... ငါ့ကို... သေချာမကြည့်ခဲ့ဘူး..."
ESTÁS LEYENDO
Right Person (Complete)
Fantasíaတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...