62.Life Of Yŭ

819 51 0
                                    

'Ming ကျွန်မမေးချင်တစ်ခုရှိတယ်'

'အင်း မေးလေQian'

'ဟို ဆံဖြူရှင်လေ ...'

'ဘာဖြစ်လို့လဲ'

'သူက နေ့တိုင်းလိုလို ရေကန်နားမှာရှိနေတယ်နော် ဒါမဲ့ မနေ့ကထူးထူးဆန်းဆန်းမရှိဘူး, ဒီတိုင်းစပ်စုကြည့်တာပါ'

'ဆံဖြူရှင်yŭ ..သူ့အကြောင်းသိချင်လို့လား'

'mingသိလား'

'အပြည့်စုံတော့မသိပေမယ့်,ကြားဖူးမြင်ဖူးတာတွေတော့သိတယ်'

'ဒါဆို ပုံပြင်လို့သဘောထားပြိးပြောပြလေ နော်'

'Qian လေးကတော့လေ အရမ်းစပ်စုတာပဲ, မင်းအရမ်းသိချင်နေတော့လည်း ပြောပြရမှာပေါ့'

'ဟုတ်ဟုတ်'

'ဆံဖြူရှင်yŭ ကို ကိုယ်ဝန်လွယ်ချိန်ကပေါ့ တစ်တိုင်းပြည်လုံး ကပ်ဆိုးကျသလိုဖြစ်ခဲ့ရတယ်, မိုးလည်း တစ်နှစ်ပတ်လုံးမရွာခဲ့ဘူး, စပါးတွေရော သိးနှံတွေပါ ပိုးကျကုန်တယ်, လူတိုင်းနီးပါးဖျားနာကြတယ်.......

( 'အရှင်မင်းကြီး ဒီအခြေနေကို မဖြေရှင်းနိုင်ရင် တိုင်းပြည်မှာ ပြည်သူပြည်သားတွေ ရှိမှာမဟုတ်တော့ဘူး, တော်တော်များများ တိုင်းပြည်ကို စွန့်ခွာကုန်ပါပြီ'

'ဘယ်လိုဖြစ်ရတာလဲ, မိုးရွာဖို့ ဆုတောင်းပွဲလုပ်ရမယ် ပြင်ဆင်လိုက်'

'ဟုတ်ကဲ့'

မိုးခေါ်ပွဲပြုလုပ်ကြပြီး မိုးများအုံ့ဆိုင်းလာကာ

'မိုးရွာတော့မယ်ဟေ့ မိုးရွာတော့မယ်'

အားလုံးပျော်သွားကြပြီး ကခုန်ကြကာ

မိုးများမှောင်မဲလာပြီး မိုးရေအစား မိုးကြိုးများသာ ‌ကျရောက်ခဲ့
နေရာတော်တော်များအား မိုးကြိုးကျရောက်ပြီး မီးများ
တိုင်းပြည်တစ်ဝက်ကို ဖုံးသွားခဲ့ပြီ။

'မိုးနတ်မင်းကြီး ဘာများအလိုရှိတာပါလဲ,ကျွန်တော် မင်းလုပ်ခဲ့တဲ့တစ်လျှောက် ဘာအပြစ်အမှား တစ်စုံတစ်ရာမှ မကျူးလွန်မိပါ,လိုချင် ကျွန်တော့အသက်သာယူသွားပါ တိုင်းပြည်ကိုတော့ ချမ်းသာပေးပါ,တောင်းဆိုပါတယ်'

Is That True?Where stories live. Discover now