5.ခင်မင်မူ

3.4K 230 0
                                    

(O M G ငါ့ဆီ တည့်တည့်ကြိးကို လျှောက်လာပါရောလား yan ni‌ တည်တည်ငြိမ်ငြိမ်နေစမ်း..)

အဟင်း ရုပ်တည်လိုက်ပြီး ခပ်ချေချေပုံစံဖြင့်နေလိုက်‌ရာ ထိုကောင်လေးမှာ ယပ်တောင်ကိုချလိုက်ပြိး ရုပ်တရက်ဆိုကာ ခင်မင်ရင်းနှိးစွာဖြင့်

'Shū li ‌မင်း‌ နေကောင်းပြီလား..'

'အဲ ရှင်ကျွန်မကို သိလို့လား ..
ကျွန်မ သတိမေ့နေတာ အပျင်းဖျားပြိး ဒီကအကြောင်းတွေ မေ့ကုန်ပြီ ရှင်ပြောကြည့် ဘယ်လိုပတ်သတ်လဲလို့ ..'

ယပ်တောင်ဖြင့် yan niခေါင်းကို ဖွဖွလေး ရိုက်လိုက်ကာ

'မင်းတခြားဟာတွေမေ့ရင်ရတယ်
ငါ့ကိုပါမေ့သွားတာတော့ Shu li လွန်လွန်းပါတယ် ..
မင်းနဲ့ငါက ငယ်ငယ်ထဲက ခင်လာတာ ငါက နင့်ရဲ့ ဆရာတူအစ်ကို ...'

'အယ် ဆရာတူအစ်ကိုလား'
 
ရှောက်ယီမှ
'မမလေး ဒီက အစ်ကိုရှောင်ပိုင်ပါ မမလေးရဲ့ ဆရာတူအစ်ကို‌ ငယ်ငယ်ထဲက ရင်းနှီးလာတာ ..'

'ရှောက်ယီ မင်းပဲပြောပြလိုက်တော့ မင်းရဲ့မမလေးက ငါ့ကိုပါမေ့သွားတာ ကျွတ်ကျွတ် ငါတဂယ် စိတ်မကောင်းဘူး...'

'ဟုတ်ပါပြီ ညီမမှားတာ နဲနဲလေးတော့မှတ်မိလာပြိထင်တာပဲ ဟိး'
(သွားပြီ ဆရာတူအစ်ကိုတဲ့ နှမြောလိုက်တာ   မငမ်းရတော့ပါလား yan ni yan ni စိတ်လျော့ ဆရာတူအစ်ကိုတောင် ဒီလောက်ချောနေမှတော့ အစ်ကို့ထက် ချောတဲ့သူတွေရှိမှာ အသေချာပဲ အဟိဟိ...)

'အဲ ဒါနဲ့ အစ်ကို ရှောင်ပိုင် ညီမ မမှတ်မိလို့ တောင်းပန်တဲ့အနေနဲ့ ညနေစာအတူလိုက်စားပါလား..'

'ဟားဟား shu li ဟုတ်နေတာပဲနော် ညနေစာနဲ့များ ငါကကြေအေးမယ်ထင်လား..'

'အာ့ဆို အပြင်မှာ ကြိုက်တာလိုက်ဝယ်ပေးမယ် ညီမအ‌ေဖက ချမ်းသာတယ်လေ ဟုတယ်မလား '

'shu li မင်းမှဟုတ်ရဲ့လား
အရင်ကမင်းဆို ငါစိတ်ကောက်ရင်တောင် ချော့ဖူးတာမဟုတ်ဘူး အခုတော့ အဖေပိုက်ဆံပါသုံးပြိး လိုချင်တာပါဝယ်ပေးတော့မယ်တဲ့ ..'

Is That True?Tempat cerita menjadi hidup. Temukan sekarang