95. gentle?

510 28 0
                                    

Shu liအိပ်ယာမှနိုးလာ၍
'ခေါင်းမူးလိုက်တာ'

'မမလေး နိုးပါပြီလား, ဒီမှာ လက်ဖက်စိမ်းရည်လေးသောက်ပါအုံး'

'ကျေးဇူးပါ ရှောက်ယီ, ငါဒီကို ဘယ်လိုပြန်ရောက်လာတာလဲ ငါမှတ်မိတာ ရေစပ်နားမှာပါ'

'မမလေး ညကကိစ္စတွေမမှတ်မိဘူးလား'

'ငါ အရှင်နဲ့ စိတ်ဆိုးပြီး ထွတ်သွားတယ် ပြိးတော့ ရေကန်နားမှာထိုင်နေတာ ဒါပေမယ့် အခုကုတင်ပေါ်ရောက်နေတယ်,သေချာတာတော့ ငါညကဒီကိုပြန်မလာပါဘူး'

'မမလေး ညက ရေကန်နားမှာ ‌အော်ဟစ်သောင်းကျန်းနေတာပါ, ‌မင်းသား3က ခေါ်လာပေးတာ မမလေးကို'

'ငါက အော်‌ဟစ်သောင်းကျန်းနေတယ်,မလုပ်ပါဘူး'

'မမလေး ပြန်စဉ်းစားကြည့်ပါအုံး'

'ဟင်း..ငါမလုပ်မိပါဘူး ငါ့အပြုမူအရမ်းဆိုးရွားလို့လား'

'ဟုတ်ကဲ့'

'အရက်လည်းမသောက်ပဲ ဘာလို့မမှတ်မိရတာလဲ, ထားလိုက်တော့ ငါသန့်ရှင်းရေးလုပ်အုံးမယ်'

'ဟုတ် မမလေး အဝတ်ပြင်ထားပေးပါမယ်'

Shu li‌ပြင်ဆင်ပြီး အပြင်ထွတ်ရာ နန်းတော်ထဲမှ အပျိုတော်များ မူးမတ်များက ကြည့်၍ ရီနေကြတော့သည်။

'အယ် ဘာလို့ငါ့ကိုဒီလောက်ကြည့်နေကြတာလဲ'

ရှန့်ဟွား အဆောင်ရောက်၍
'ရှန့်ဟွား မြန်မြန်ဖွင့်ပါအုံး'

'shu‌ liနိုးပြီပေါ့,ဝင်လာခဲ့ပါ'

'ရှန့်ဟွား ငါ့ကိုပြန်ပို့ခဲ့တာဆို,ငါညကကိစ္စမမှတ်မိတော့ဘူး လူတိုင်းကလဲငါ့ကိုကြည့်နေကြတယ်'

'ညက shu liကျွန်တော်ကိုတောင် မမှတ်မိခဲ့ပါဘူး, ကန်နားမှာ အကျယ်ကြီးအော်ပြီး သောင်းကျန်းနေခဲ့တာပါ'

'တဂယ်ပဲလား ဘာတွေဖြစ်နေတာလဲ'

'shu liအစစ်ဆိုတာလည်းပြောသေးတယ်'

'အယ်..ငါပန်းကန်ပြားတွေကို တွန်းလိုက်တုန်းကလည်း ငါ့စိတ်နဲ့လုပ်လိုက်တာမဟုတ်ဘူး အလိုလိုဖြစ်သွားခဲ့တာ'

'စိတ်အေးအေးထားပါ shu li'

'ငါစဉ်းစားမိတာက ဒီကိုယ်ရဲ့ ပိုင်ရှင် Shu liများလား, မဟုတ်သေးပါဘူး shu liအစစ်က ယာဉ်ကျေးသိမ်မွေ့တယ်လေ ဒီလိုလုပ်ပါ့မလား'

Is That True?Where stories live. Discover now