68. Past

704 47 0
                                    

'အရှင် ဒါဘာလုပ်တာပါလဲ'

'Shu မင်းကရော ဘာလို့ သူလုပ်သမျှငြိမ်ခံနေရတာလဲ, သူ့ကိုသဘောကျတာလား'

ရှန့်ဟွား နှုတ်ခမ်းမှသွေးကို သုတ်လိုက်ပြီး
'အရှင်မင်းကြီး အထင်လွဲနေပြီထင်ပါတယ်, ရှင်းပြပါရစေ'

ရှန့်ဟွားကို ဆွဲမ၍
'မင်း Shuနဲ့ ဝေးဝေးနေ, မင်းနဲ့တွေ့စရာအကြောင်းကိုမရှိဘူး'

ဆောင့်တွန်းထုတ်လိုက်ရာ

'အရှင် ဘာလို့ စကားနဲ့မဖြေရှင်းရတာလဲ'

'မင်းက သူ့ဘက်ကလား'

'အရှင်မင်းကြီး ကျွန်တော် မိဖုရားကို နှစ်သိမ့်နေတာပါ အဲ့တာပါပဲ, အထင်လွဲနေပါပြီ'

'မင်းဘာပဲဖြစ်ဖြစ် Shuအနားမှာကို ရှိမနေသင့်ဘူး, ဘာလဲ မင်းကို နန်းပြင်ကန်ထုတ်ပေးရမလား'

'အရှင် ဘာလို့ဒီလိုဖြစ်နေတာလဲ, ကျွန်မကို မယုံဘူးလို့ပြောလိုက်တာနဲ့ တူတူပါပဲ'

'အားလုံးကျွန်တော့အမှားပါ မိဖုရား အပြစ်မဟုတ်ပါဘူး တောင်းပန်ပါတယ်'

'နင်ကဘာလို့မှားရမှာလဲရှန့်ဟွား,ဒီမှာ ကျွန်မ သူငယ်ချင်းပဲသူက ဒီရောက်ထဲက သူနဲ့ပဲခင်လာတာ နောက်လည်းဆတ်ခင်သွားမှာမို့လို့ အရှင်လာမတားပါနဲ့, ကျွန်မက ဖောက်ပြန်တက်တဲ့ သူမဟုတ်ဘူးဆိုတာ သိထားပါ'

Shu liမှာ ရှန့်ဟွားအား ထူပေး၍ ထွက်သွားကာ မင်းကြီးဘာမှမပြောနိုင်ပဲ ဒေါသထွက်၍သာ ကျန်ခဲ့လေသည်။

(ငါက ရှန့်ဟွားလောက်တောင် အရေးမပါဘူးလားShu li)
✨✨✨✨✨✨
'ရှန့်ဟွား နင်ရရဲ့လား, နှုတ်ခမ်းကလဲ ပေါက်သွားတာပဲ ငါဆေးထည့်ပေးမယ်'

'Shu li ရပါတယ်, ပြန်လိုက်ပါလား င့ါကြောင့်နဲ့ မင်းတို့ရန်ဖြစ်ရပြီ'

'အရင်ထဲက သူငယ်ချင်း‌ ယောင်္ကျားလေးတွေ အများကြီးရှိတယ်, ငါ ကျား/မ ဘယ်တုန်းကမှမခွဲဘူး ခင်မင်ခဲ့တာ သူငယ်ချင်းတွေကိုတော့ ယောင်္ကျားတစ်ယောက်အတွက်နဲ့ မစွန့်လွှတ်နိုင်ဘူး, ငါအဲ့လို အမှားမျိုး တစ်ခါပဲမှားမယ် နောက်ထပ်မမှားတော့ဘူး'

'အရင်ကရော ဘာဖြစ်ခဲ့လို့လဲ'

'စိတ်ပျတ်စရာ အမှတ်တရတွေပါ , ငါဆေးသွားယူလိုက်အုံးမယ်'

Is That True?Where stories live. Discover now