80.‌ ခါးပိုက်နှိုက်

781 56 0
                                    

'Yŭ ရောက်တော့မှာလား'

'အင်း ဒီတစ်ဖြတ်ပြီးရင် ရွာရောက်ပြီ'

'ဟုတ်'

Ping yáng ရွာမှ ကြိုဆိုပါ၏

' Yŭ ရောက်ပြီရောက်ပြီ'

Yŭ၏ ဇာတိPing yángရွာသို့ရောက်ရှိပြီဖြစ်သည်။

"ဇီးသီးတုတ်ထိုးတွေရမယ် ဇီးသီးတုတ်ထိုးချိုချိုလေးနော် ဝယ်ကြအုံးမလား"
"ချည်ပန်းထိုးပဝါလေး‌ ဝင်ကြည့်ပါအုံးရှင့်"
"Ping yángရဲ့ အကောင်းဆုံး သေရည် တွေ ရှိတယ်ဗျို့"

'Yŭ ရွာက စည်သားပဲ'

'ဒီနေရာက ဈေးကြီးပဲ ဈေးကျော်ရင် အိမ်ပုလေးတွေပဲရှိတော့မှာ'

'အော်'
ဈေးကျော်သွား၍ အိမ်ပုလေးများဆီသို့ ရောက်ရှိလာကြကာ
'ငါ နေရာတွေတော်တော်များများ ရောက်ဖူးတယ် ဒီနေရာတော့ငါမသိဘူး, လယ်ကွတ်တွေလည်းအများကြီးပဲနော် နေလို့ကောင်းလိုက်တာ'

'ညနေစောင်းနေပြီ, မနတ်ဖြန်မှ qianကို နေရာစုံလိုက်ပြပေးမယ်'

'‌ကျေးဇူးပါ Yŭ, နင်လဲ ပင်ပန်းနေမှာပဲ'

'မင်းဒီရောက်တုန်း လွတ်လွတ် လပ်လပ်နေပါ '

Yŭ၏ အိမ်ကို ရောက်ရှိ
'အိမ်က တဂယ်ချစ်စရာလေးနော်'

'အိမ်ထဲ ဖုန်တွေနဲ့ ကျွန်တော်အရင် သန့်ရှင်းရေးလုပ်လိုက်ပါအုံးမယ်'

'အယ် ကူပေးမယ်လေ, အထုပ်အပိုးတွေ အရင်ချရအောင်'

🧹🧹🧹🧹🧹🧹🧹
'Qian niပင်ပန်းသွားပြီလား'

'ရပါတယ် ငါအိမ်သန့်ရှင်းရေး မလုပ်ဖူးဘူး ပျော်ဖို့ကောင်းသားပဲ'

'ကျွန်တော် ညစာ ပြင်ပေးမယ်'

🍜🍜🍜🍜
'မွှေးလိုက်တာ ခေါက်ဆွဲပြုတ်လေး yŭ နင်တဂယ်တော်တယ်'

'ကျေးဇူးပါ qian ni လိုအပ်တာရှိရင်ပြောပါ'

တစ်နေ့လုံး ခရီးနှင်လာရ၍ အိပ်ငိုက်နေပြီဖြစ်သည်။
'Qian အခန်းထဲက ကုတင်မှာအိပ်လိုက်ပါ ကျွန်တော့ အရှေ့မှာ အိပ်လိုက်မယ်'

'ငါ အရှေ့မှာ အိပ်မယ်, နင်ကအိမ်ရှင်ပဲကို ကုတင်မှာအိပ်ရမှာပေါ့'

Is That True?Donde viven las historias. Descúbrelo ahora