179. my enemy

99 10 0
                                    

'wang, liuရဲ့ အစ်ကိုက ‌တစ်နေ့လောက်ဆုံရအောင်တဲ့'

'ဟုတ်လား,ကိုဆတ်ပြောလိုက်မယ် အစ်ကိုနဲ့'

'အင်း, ထွေထွေထူးထူးမရှိဘူးမလား'

'ဟင် ဘာကို...'

'မဟုတ်ပါဘူး, ဒီအတိုင်းစကားရှာမေးတာပါ'

'ဪ ထွေထွေထူးထူးမရှိပါဘူး liuရဲ့, ကို့ကို လွမ်းလို့လား'

'အဲ့လိုထင်တာပဲ'

'ဒီကောင်မလေးကတော့ လွမ်းရင်လွမ်းတယ်ပြောရောပေါ့ မူနေတယ်'

'တဂယ်ပါပဲ, ဖုန်းချလိုက်တော့မယ်နော် wang'

'အင်း မနတ်မှတွေ့မယ်, ချစ်တယ်နော် liu'

'ဟုတ်'

တီ။။

'ဘယ်သူနဲ့ဖုန်းပြောနေတာလဲ'

'wangနဲ့ပါ ကိုကို'

'အင်း...'

'အကို့ကို တွေ့မယ့်နေရာနဲ့အချိန်သူပို့လိမ့်မယ်'

'ကျောင်းမှာတွေ့ရင်ရတာပဲကို'

'ညီမတို့က ဘယ်နေရာမဆိုအဆင်ပြေပေမဲ့ ... သိတယ်မလား'

Liuမှ အတည်ပေါက်ပြောပြီး ထရီကာ အခန်းထဲဝင်သွားတော့သည်

'အား ကြက်သီးတောင်ထတယ်,အခု ငါ့ညီမလေးရဲ့ vibeက လုံးဝ horror ပဲ'

🍂🍂🍂🍂🍃🍂🍂🍂🍂🍂

Wangမှ အိပ်ယာ၌ မှေးနေရင်း

'မတွေ့တာကြာပြီနော် အရှင်'

'ရှီး လန့်လိုက်တာ, မင်းကသရဲလား'

'ကျွန်တော့်ကို ရန်သူလိုအမြဲဆတ်ဆံနေတာပဲ, ကျွန်တော်က ရန်သူမဟုတ်ပါဘူးနော်'

'တော်စမ်းပါ ဘာလို့ပြန်ပေါ်လာတာလဲ'

'ကျွန်တော်ပြောခဲ့သလိုဖြစ်လာမှာစိုးလို့ပါ, မိဖုရားတွေဆိုတာ'

'မင်းပြောတဲ့အတိုင်းဖြစ်ရအောင် မင်းက နတ်သားလား'

'ရိပ်မိသွားပြီလား'

'ဟား ရူးနေပြီပဲ, ငါ့ကိုတော်ရုံပဲအာရုံစားစမ်းပါ ချီး, အရင်ခေတ်ကဟာဆိုဘယ်ဟာကိုမှ မမြင်ချင်လောက်အောင် ငါအမြင်ကတ်နေပြီ ငါ့ဘဝကိုဘာလို့ဘာရှုပ်နေတာလဲ'

Is That True?Waar verhalen tot leven komen. Ontdek het nu