107. မတရားစွာ

542 45 0
                                    

Yŭ နန်းတော်မှ စတင်ထွတ်ခွာခဲ့သည်

နတ်သမီးလည်း အရှင်Yŭ ဘေးသို့ ပေါ်လာပြီး ကောင်းကင်ဘုံသို့မခေါ်သွားမှီ

'ကျွန်မ ‌အရှင်Yŭကို မေးချင်တာရှိတယ်'

'မေးပါခင်ဗျာ'

'ဘာလို့ ကို့အတွက်အကျိုးမရှိပဲ လူ့အရေးကိုဝင်ပါရတာလဲ'

'နတ်သမီးလည်း အရင်က လူဖြစ်ခဲ့ဖူးမှာပါ, လူ့သဘာဝအတိုင်း ကိုယ်တိုင်လုပ်ရုံကလွဲပြီး ပိုဖြစ်မလာတဲ့အခါ နတ်ဘုရားတွေကို အားကိုးပြီး ဆုတောင်းကြတယ် , ဆုတောင်းတွေ အမှန်တဂယ်ဖြစ်လာခဲ့ရင်လည်း အတိုင်းထက်အလွန် ပျော်ရွှင်ပြီး နတ်ဘုရားတွေကို ပူဇော်ကြတယ် အမှန်တဂယ်တော့ နတ်ဘုရားတွေက လူ့ကိစ္စတွေမှာ ဝင်ရောက်ပတ်သက်ခြင်းမရှိဘူး သနားစရာပဲနော်, ကျွန်တော်လူတိုင်းရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ရင်တောင် ကို့မျတ်စိရှေ့မှာရှိတဲ့ ပြသာနာကို ကန်းချင်ယောင်မဆောင်တက်ဘူး,ကူညီလိုက်ရလို့လဲ ကို့ကိုကိုဂုဏ်ယူမိတယ် , နတ်သမီး က ကြည့်ရတာ လူ့ဘဝတုန်းက တစ်ခါမှ နတ်တွေကိုဆုမတောင်းဘူးထင်တယ်'

'မင်းပြောချင်တာ ငါကနတ်သမီးဖြစ်ပြီး နတ်တွေမယုံကြည် မအားကိုးသူပေါ့,'

'မပြောဝံ့ပါဘူး'

'အရှင်Yŭ လူသားတွေက လောဘ မောဟ သိပ်များတယ် သူတို့ဆုတောင်းတွေကို နတ်မင်းတွေ အားလုံးကဖြည့်ဆည်းပေးရင်တောင် တင်းတိမ်မှာမဟုတ်ဘူး, လူတွေအကုန်လုံး အလုပ်မလုပ်ပဲ ထိုင် ဆုတောင်းနေလိမ့်မယ် '

'နတ်သမီးပြောတာ မမှားပါဘူး,ဒါပေမယ့်  ကျွန်တော်ကတော့ လူတိုင်းလောဘ မောဟ ရှိတယ်ဆိုတာကို လက်မခံပါဘူး, တစ်နေရာမှာ အမြဲ လူကောင်းရှိမြဲပါ'

'လူသားတွေက ဘယ်တော့မှ ရောင့်ရဲမှာမဟုတ်ဘူး ကျေးဇူးကန်းတဲ့သူတွေပဲ,ဟင်း....‌ကောင်းပြိ အရှင်Yŭ ကျန်းမာရေးကောင်းပြိလို့ မျှော်လင့်ပါတယ် ကောင်းကင်ဘုံက ငရဲခန်းကို သွားဖို့အဆင်သင့်ဖြစ်ပြီလား'

'ကျွန်တော် မသေလောက်ဘူးမလား'

'စိတ်မပူပါနဲ့ သေသွားခဲ့ရင်တောင် အသက်ပြန်သွင်းပြီး အချတ်၅၀ ပြည့်အောင် ခံယူစေမှာပါ'

Is That True?Où les histoires vivent. Découvrez maintenant