20.သူငယ်ချင်း?

2.5K 161 1
                                    

လွန်ခဲ့သောတစ်ပတ်အကြာတွင် Shuliနှင့်ရှန့်ဟွားတို့ အတော်ခင်မင်နေပြီဖြစ်သည်။

မင်းသား3ဟု မသုံးနှုန်းတော့ပဲ
ရှန့်ဟွား သာခေါ်ဝေါ်တော့သည်။

'ရှန့်ဟွား ရှန့်ဟွား ငါ Shu li နင်ဘာလုပ်နေလဲ ငါဝင်လာပြီနော်'

ရှန့်ဟွား အပေါ်ဗလာဖြင့် အဝတ်စားဝတ်ဖို့ပြင်နေကာ Shu liသည်ရှန့်ဟွားအဖြေမစောင့်ပဲ အခန်းထဲဇွတ်ဝင်လိုက်သည်။

ရှန့်ဟွား၏ ရေချိုးပြီးခါစ
ရေစက်လေးများစိုနေသော
ခန္ဒာကိုယ်...
အဆီပိုမရှိတဲ့ ဗိုက်ကြွက်သားများအား မြင်တွေ့လိုက်ပြီး

'ဂလု အယ်....ငါတောင်းပန်ပါတယ် ငါမစောင့်ပဲ ‌လောသွားတယ်'

မျတ်နှာလွဲပြီး ရှတ်ရမ်းရမ်းကာ

'အင်း မိဖုရားငယ် ဘာကိစ္စရှိလို့လဲဗျ'

'ရှန့်ဟွား စိမ်းကားမနေပါနဲ့ Shu liပဲခေါ်ပါဆို ငါနင့်ကိုပြောစရာရှိလို့'

အပေါ်ရုံကို ဝတ်ပြီး ထိုင်ခုံပေါ်၌
ထိုင်ကာ

'ဟုတ်ကဲ့ မိဖုရားငယ် ဒီဘက်လှည့်လို့ရပါပြီ ထိုင်ပြောပါ'
(ရှန့်ဟွား မင်းကြီးညအိပ်သွားသည်ကို ကြိုသိပြီး....)

'အော် အင်းအင်း
ညကလေ မင်းကြီးလာတယ်သိလား'

'မိဖုရားအတွက် ဂုဏ်ယူပါတယ်'
မျတ်နှာဆူပုတ်နေပြီး

'ဘယ်ကသာ ငါ့ကိုဒုက္ခလာပေးတာ
ငါ့တစ်ကိုယ်လုံးကို ညောင်းညာနေတာပဲ'

မျတ်နှာပျတ်သွားနေကာ
'ညကကိစ္စ ကျွန်တော့ပြောဖို့မလိုဘူးထင်တယ်'

'နေပါဦး သူကညက ငါ့ကိုဘာလုပ်ခိုင်းတယ်ထင်လဲ သူညောင်းလို့ နိုပ်ပေးပါတဲ့လေ ရှီး ငါလဲညောင်းနေတာပဲ အိပ်ချင်မူးတူးနဲ့ နိုပ်ပေးလိုက်ရတယ် သိပ်မကြာဘူး ငါလဲအိပ်ပျော်သွားတာ'

အံ့ဩကာ
'နိုပ်ပဲ နိုပ်ခိုင်းတာလား မင်းကြီးက'

'ဟုတ်တယ်လေ'

'တခြားရော....'

'အယ် ဟုတ်တယ် ငါ့ကိုနမ်းပြီး နှိုးဖို့လုပ်သေးတယ် ဘယ်လာက်ကြောက်ဖို့ကောင်းတယ်ထင်လဲ'

Is That True?Donde viven las historias. Descúbrelo ahora