56.ယုံကြည်မှု

937 67 2
                                    

'Shu ကျွန်တော်ပြန်လိုက်အုံးမယ် ခနနေကြရင် ထပ်လာကြည့်ပေးမယ်'

'နင်အိပ်လိုက်ပါအုံး,ငါကဘာမှမဖြစ်တော့ဘူးဟုပြီလား'

'တစ်ရေးအိပ်ပြီးလာမယ်လေ'

'အင်းပါ'

ရှန့်ဟွားထွတ်အလာ မင်းကြီးနှင့်ဆုံ၍

'ရှန့်ဟွား မင်းကဘာကိစ္စ မိဖုရားနန်းဆောင်က ထွတ်လာရတာလဲ'

'အရှင်မင်းကြီး မေးရမှာ ကျွန်တော်ထင်တယ်,မိဖုရားဆီ အခုမှဘာလာလုပ်တာလဲ'

'မင်းအတင့်ရဲလှရီလား'

'အရှင်မင်းကြီးမသိသေးဘူးထင်တယ်, မနေ့ညက မိဖုရားမေ့လဲလို့ သမားတော်ခေါ်ပြထားရတယ် မင်းကြိးကိုတော့တင်ပြပါရဲ့ အရှင်မင်းကြီးက မိဖုရားထက်အရေးကြိးတဲ့ အလုပ်ကိစ္စတွေရှိနေတော့ လူတောင်အဝင်မခံဘူးလေ'

'ဘာ Shuမေ့လဲတယ် , ဖယ်စမ်း'

ရှန့်ဟွားကိုတွန်းဖယ်လိုက်သော်လည်း ရှန့်ဟွားမှ မင်းကြီးလက်ကို တင်းကြပ်စွာ ကိုင်၍ တားလိုက်ပြီး
'မိဖုရား အရမ်းစိတ်ထိခိုက်နေတယ်, အဲ့တာ အရှင်မင်းကြီးကြောင့်ဆိုတာ သိထားပါ'
(ကို့အပြစ်ကိုသိ**)

'မင်းကိစ္စမဟုတ်ဘူး'
ရှန့်ဟွား လက် လွှတ်လိုက်ကာ မင်းကြီးမှ Shu li၏ နန်းဆောင်ထဲသို့ဝင်ကာ

'ရှန့်ဟွား တစ်ခုခုကျန်ခဲ့လား'

လှည့်ကြည့်ရာ အရှင်ဖြစ်နေ

'Shu မနေ့က မူးလဲတယ်ဆို,အခုရော နေကောင်းရဲ့လား'

'အရှင် ..ကျွန်မနေကောင်းပါပြီ,ဒီ ခန္ဒာက အားနည်းနေတာပါ'

'ကိုတောင်းပန်ပါတယ်ကွာ,မနေ့က မင်းကို မတွေ့ရဲလို့ပါ,ကိုမနေ့ကအကြောင်းစဉ်းစားပြိးပြီ ချင်အရှင်ရဲ့ စကားအတိုင်းမလုပ်နိုင်ဘူး'

'ဒါဆို ကုန်သွယ်ရေးက'

'အဲ့က်ိစ္စကိုစီစဉ်ထားတယ်, Shu မင်းစိတ်မပူပါနဲ့နော် မင်းကလွဲပြိး ဘယ်သူ့မှကို့စိတ်ထဲမှာမရှိဘူး'
Shu liကို ဖတ်လိုက်ပြီး
'ကျွန်မလဲတောင်းပန်ပါတယ် အရှင့်ကို မယုံကြည်ခဲ့မိဘူး,ပြီးတော့ ကျွန်မတစ်ယောက်ထဲ လဲ မပိုင်ဆိုင်ပါဘူး'

Is That True?Dove le storie prendono vita. Scoprilo ora