126. နှုတ်ဆတ် 🚨🚨

964 30 2
                                    

၅နှစ်ကြာပြီးသော်.....

နတ်ပြည်တစ်ခုလုံး အုံးအုံးကျွတ်ကျွတ်ဖြစ်နေကာ

'အရှင်Yŭက မကြာခင် နတ်မင်းနေရာကို ရောက်ရှိတော့မှာ'

'ငါထင်သားပဲ'

'ငါတို့ထောက်ခံတယ်,မင်းရော'

'သူကနတ်မင်းကောင်းဖြစ်မှာပဲ ငါတို့ကန့်ကွတ်ဖို့မရှိဘူး'
နတ်ပြည်တစ်ခွင်
‌ဘယ်နေရာသွားသွား အရှင်Yŭ၏ ဂုဏ်သတင်းမွှေးနေတော့သည်။
💫💫💫💫💫💫💫

'အရှင်မင်းကြီး မင်းသားWáng yǒng ပြန်ရောက်ရှိကြောင်းပါ'

'နောက်ဆုံးတော့ ရောက်ပြီပေါ့'

Wáng yǒngမှာ သူ၏ အမေရှိရာ တိုင်းပြည်သို့အလည်သွားပြီး ပြန်လာခြင်းဖြစ်သည်။ ဒီတစ်ခေါက်ခရီးက အရင်ကထက်ကြာသွားဟန်တူသည်။

'အစ်ကိုတော်...ကျွန်တော်ပြန်လာပြီ'

'မင်းပြန်လာတာတောင် အသံအကျယ်ကြီးနဲ့, သူများတွေအပြစ်ပြောကုန်မယ် မင်းသားဆိုတာ...'

'မင်းသားဆိုတာ တည်ကြည်ပြီး အိန္ဒြေရှိရမယ် အသံအကျယ်ကြီးမပြောရဘူး မပြေးရဘူး'

'မင်းသိရင်ဘာလို့ မလိုက်နာတာလည်း'

'အစ်ကိုတော် ကျွန်တော်လွမ်းလို့ပါ'

ဖတ်လို့ရမလားဟု လက်ဟန်လုပ်ပြပြီး
Feiမှ စိတ်ကောက်နေကာ ခပ်တင်းတင်းငြင်းလိုက်တော့သည်

'အယ် အစ်ကိုတော် ဘယ်သွားမလို့လဲ'

'မင်းရေသွားချိုးပြီး အနားယူတော့'

'အရှင်မင်းကြီး ကျွန်တော်မျိုးကိုပြစ်ထားတော့မှာလား'

'ဘယ်သူကပြစ်ထားတာလဲ'

တစ်ဖြေးဖြေး စိတ်ကောက်နေသည့်အကြောင်းရင်းပေါ်လာ
'ဟင်း အစ်ကိုတော် ကျွန်တော်အရမ်းပြန်လာချင်နေတာ, ဒါပေမဲ့ အမေက မိန်းမအတင်းပေးစားနေလို့'

'ဟမ်'

'ကျွန်တော် အမေနဲ့ ရက်ပိုနေပေးရင် မိန်းမ မပေးစားတော့ဘူးဆိုလို့ ကျွန်တော်နေပေးလိုက်တာ, ဒီလိုမှန်းသိရင် ....'

'ဘာလဲ မင်းကယူမလို့လား'

'အာယား အစ်ကိုတော်တစ်ယောက်လုံးရှိတာ ယူစရာလား, ဒီလိုမှန်းသိရင် မိန်းမကိုရော အမေ့ကိုရောငြင်းပါတယ်လို့'

Is That True?Kde žijí příběhy. Začni objevovat