94. Real Shu Li

538 32 0
                                    

'Shu ထတော့လေ'

'ဟင် ဘယ်ချိန်ရှိလို့လဲ'

'ညနေရောက်နေပြီ ခနနေရင် ထပ်အိပ်ရအုံးမှာ ထတော့'

'တနေ့ခင်းလုံးအိပ်ပျော်သွားတာပေါ့'

'မင်းအနားယူတာကောင်းပါတယ်,  ခနနေ ညစာအတူစားကြမယ်'

'ဟုတ် အရှင်'
🍜🍜🍜🍜🍜🍜
'Shu မင်းအများကြီးမစားသင့်ဘူးနော် အစာမကြေဖြစ်လိမ့်မယ်'

'အင်း, တော်ပြီ စားတော့ဘူး'

'ကိုပြောတာ ထပ်မယူနဲ့လို့ပါ အခုထည့်ထားတာကိုတော့ ကုန်အောင်စားရမယ်လေ'

'မရဘူး မစားတော့ဘူး'

'မင်းစိတ်ကို ကိုယ်မခန့်မှန်းနိုင်တော့ဘူး'

'ဒါနဲ့ ဟိုတခါက ကိစ္စဘယ်လိုဖြေရှင်းမှာလဲ'

'ဘာကိုလဲShu'

'ဟယ်ဟယ် မိဖုရားကြီး အရှင်နဲ့အိပ်သွားတာလေ '

'Shu အဲ့လိုပုံစံမျိုးမပြောပါနဲ့'

'ဘာလဲ ဘယ်သူ့အမှားလဲ,ကျွန်မ စိတ်ဆိုးပြိးပြောခွင့်တောင်မရှိဘူးလား'

'ကိုသူ့ကိုအပြစ်ပေးမှာပါ ကို့ကိုလိမ်လည်လှည့်ဖျားတဲ့အတွက်, သက်သေမရှိပဲနဲ့တော့ လုပ်လို့မရဘူး‌, ပြီးတော့ အများအမြင်မှာ သူကကိုနဲ့အိပ်လည်း သူ့မှာအပြစ်မရှိဘူးလေ'

' အများအမြင်ကြည့်ရအုံးမှာလား ပင်ပန်းလိုက်တာ နန်းတော်ကြီးထဲမှာ, ကျွန်မအစထဲက အရှင့်ကိုမကြိုက်ဖို့ကြိုးစားခဲ့သေးတယ် ဒီလိုပြသာနာဖြစ်မှာဆိုးလို့ ‌အခုတော့နောင်တရတာပဲ'

'ကို့ကိုချစ်မိတာ နောင်တရတာလား'

'တွေးကြည့်ပေါ့'

'တော်လောက်ပြီShu,မင်းဘာကိုစိတ်ခုနေလဲ မသိဘူး, ဆက်ပြီးစကားမများချင်တော့ဘူး,လာကြ ပန်းကန်တွေလာသိမ်း'

ပန်းကန်များလာသိမ်းနေစဉ်
Shu liမှ မကျေမနပ်ဖြစ်နေကာ ပန်းကန်များကို လက်ဖြင့်တွန်းလိုက်သည်။ ဒီတစ်ခါတော့ အရှင်မင်းကြီး အမြတ်ထွတ်ပြီပေါ့

'Shu li မင်းဘာလုပ်လိုက်တာလဲ'

'စိတ်ဆိုးတာလား, ကျွန်မ က အဲ့ထက်ပိုတယ် ရှင်သူနဲ့ အိပ်ခဲ့တာအတွက်,ကတိမတည်တဲ့ ယောင်္ကျားတွေ မုန်းဖို့ကောင်းတာပဲ'

Is That True?Where stories live. Discover now