64.Life Of Yŭ (3)

703 48 0
                                    

Yŭမှာသူ၏ မျတ်နှာအား ကာထားကာ ကလေးများ ဝိုင်းထိုးကြသည်ကို ငြိမ်ခံနေသည်။

Yŭ၏ အမေနှင့်အဖေ ဆိုင်မှထွက်လာပြီး ထိုမြင်ကွင်းကိုမြင်ကာ

'ဟေ့ကောင်တွေ အဲ့တာဘာလုပ်တာလဲကွ,ငါထိုးလိုက်ရ'

အဖေမှ ထိုးမည့်ဟန်ဖြင့် လာသောကြောင့် ကလေးများထွတ်ပြေးကုန်ကြသည်။

'သားရယ် ဘယ်လိုဖြစ်ရတာလဲ အမေတောင်းပန်ပါတယ် သားကိုမထားခဲ့သင့်ဘူး'

'မင်းကလဲကွာ ပြန်ထိုးလေ,ဟူး'

သူကယ်ခဲ့သော ကလေးမှ

'ဦးလေးတို့ဒေါ်ဒေါ်တို့ ကျွန်တော့အမှားပါ ကျွန်တော့ကိုကူညီလို့ဖြစ်ရတာပါ'

'သားကိုသူတို့ကဘာလို့ အခုလိုလုပ်ကြတာလဲ'

'သားက မိဘမဲ့ပါ, ကျွန်တော့ကို သူတို့နဲ့မဆော့စေချင်တာနဲ့ ဝိုင်းအနိုင်ကျင့်ကြတာ, ‌ဒီကကိုကြီးရောက်လာခဲ့လို့ ကျွန်တော်ဘာမှမဖြစ်သွားတာပါ ကျွန်တော့အမှားပါ'

Yŭမှ ထိုကလေးလက်အား ကိုင်လိုက်ပြိး
'မင်းအပြစ်မဟုတ်ပါဘူး, ငါစိတ်နဲ့ငါလုပ်တာပါ ပြိးတော့ မင်းမှာပြန်စရာအိမ် ရှိလား'

'အော ဟိုလေ ကျွန်တော်...'

'အဆင်‌ပြေရင် အကိုတို့နဲ့လာနေပါလား, သူများတွေလောက် ပိုက်ဆံမရှိပေမယ့် နေစရာတစ်နေရာတော့ရှိပါသေးတယ်'

'ဟုတ်တယ်သားလေး အန်တီတို့လည်း သားကို နေခွင့်ပြုတယ်'

'ကဲ မင်းသဘောကရော'

'ကျွန်တော်... နေလို့ရမလား'

'ရတာပေါ့ကွာ'

Yŭတို့ မိသားစုမှ ကလေးလေးကို ဖတ်ကာ ကြိုဆိုကြလေသည်။

'အကို နာသေးလား'

'ငါက ခံနိုင်ရည်ရှိပြိးသားပါကွ'

'သားတို့ ဗိုက်ဆာပြီမလား မြန်မြန်ပြန်ကြရအောင်'

'ဖေဖေတို့ပြေးမှရမယ်ထင်တယ်ဟေ့ မိုးရွာတော့မယ်'

‌'ပြေးထားပြေးထား'

မိုးများစတင်ကျလာကာ yŭတို့
အိမ်အထိရောက်အောင် အမိုးအကာကွယ်မပါပဲ  ပြေးသွားကြသည့် ပျော်ရွှင်စရာ အခိုက်အတန့်ဟာ ထိုကလေးဖို့ တစ်ခါမှမရဖူးတဲ့ခံစားချတ်မျိုးပင်

Is That True?Onde histórias criam vida. Descubra agora