156. မဖြစ်ဘူး

185 14 0
                                    

'အိမ်ပြန်ရောက်ပါပြီ'

'ကြိုဆိုပါတယ်နော်, ပင်ပန်းသွားပြီလားသမီး‌'

'ဟင့်အင်း, သမီးအဆင်ပြေပါတယ်'

'အင်း, ဒီကိုလာပါအုံး'

'ဟုတ်'

Liu မှ အန်တီMo Chou ဘေးသို့သွားထိုင်လိုက်ပြီး

'အခုတလော အမေတို့စကားသိပ်မပြောဖြစ်ဘူးနော် သမီးနဲ့သား အမေ့ကိုစိမ်းသွားမှာတောင် စိုးရိမ်နေတာ'

'အဲ့လိုမတွေးပါနဲ့, သမီးရဲ့ အမေအရင်းလိုပဲ အန်တီက, ချစ်တယ်‌နော်'

'ချစ်ဖို့ကောင်းလိုက်တာ, အမေ့မျတ်လုံးထဲမှာ အခုထိ ကလေးလေးလိုပဲ ကြည့်ပါအုံး ဒီအရွယ်တောင်ရောက်နေပြီ'

'ဟီး'

'အဝတ်အစားသွားလဲလိုက်, အမေ ထမင်းပြင်ထားလိုက်မယ်'

'ဟုတ်ကဲ့'

ထိုအချိန် Zhang Weiလည်း အိမ်ပြန်လာ

'ဪ သားပြန်လာပြီလား'

'ဟုတ်ကဲ့ အမေ'

'ဒီနေ့ ကျောင်းမှာအဆင်ပြေရဲ့လား'

'ပြေပါတယ်'

'ကိုကို နောက်ကျလိုက်တာ ပြန်လာတာ'

'ဟုတ်လား, အရမ်းနောက်ကျသွားလား'

'အင်း, ကိုကိုလည်း အဝတ်စားမြန်မြန်လဲတော့, အမေ ထမင်းစားဖို့ပြင်ထားတယ်'

'ဟုတ်တယ် သားလေး'

'ဟုတ်ကဲ့ပါ, သားအမြန်လုပ်လိုက်မယ်နော်'

'ခြေလတ်ဆေးအုံးနော် သား'

'ဟုတ်'

🥙🌮🥘🧆🍝🍲🍛🍜🍱

ထမင်းစားပြီး၍

Liuသူမ အခန်းထဲ၌

'xue သူငါ့ကို စာပို့မယ်ထင်လား'

လျှာလေးထုတ်ပြီး ရီပြနေ🐶

'စာမေးပွဲအတွက်ရော ပြိုင်ပွဲရော ဆိုတော့ အရမ်းအလုပ်များနေမှာပေါ့, ငါစာပို့ပြီး နှောက်ယှတ်လို့မဖြစ်ဘူးမလား'

သူမဖုန်းအား ဘေးချလိုက်ပြီး

'ဘယ်လိုဖြစ်နေတာလဲ, ရက်လေးနဲနဲပဲကို မနေနိုင်ဘူးလား, ငါ့မှာ xueလေးရှိတာပဲ အဖော်ပြုပေးဖို့'

Is That True?Dove le storie prendono vita. Scoprilo ora