102.လမ်းခရီး

518 30 4
                                    

'ရှန့်ဟွား နင်ရဲ့နေရာက ဝေးလား'

'မနတ်ဖြန်ဆိုရောက်လောက်တယ်'

'ငါမသိရပါလား နင့်မှာ အိမ်အပိုရှိတာ'

'မင်းကိုပြောဖူးတယ်‌, နန်းတော်ထဲက ထွတ်ချင်တဲ့တစ်နေ့ ငါကူညီပေးနိုင်တယ်လို့'

'နင်ပြောတာက ငါနန်းတော်မှာမနေချင်တော့ရင် ငါ့ကိုအဲ့အိမ်မှာပေးနေဖို့ပေါ့'

'အင်း မင်းအတွက်သီးသန့်ဆောက်ထားခဲ့တာ'

'ရှန့်ဟွား ငါ့အတွက်အဲ့လောက်လုပ်ပေးလိမ့်မယ် မထင်ခဲ့မိဘူး, ငါတို့အတူ ကျော်ဖြတ်ခဲ့ကြတဲ့ အချိန်တွေက‌ မေ့မရနိုင်ပါဘူး, အမှတ်တရကောင်းတွေအတွက် ကျေးဇူးပါ'

'မခံယူဝံ့ပါဘူး'

'ရှန့်ဟွား ငါရဲ့ပြသာနာတွေ ဖြေရှင်းနေတာနဲ့ပဲ အချိန်ကုန်နေတယ်, ငါမရှိတော့ရင် နင်အချိန်တွေအများကြီးအားသွားပြီ မိန်းကလေးရှာတော့နော်'

'စိတ်ပူစရာမရှိပါဘူး'

'အယ် နင်တွေ့ပြီးပြီပေါ့'

ရှန့်ဟွားပြန်မဖြေ

'နင်မပြောပြချင်လည်း ရပါတယ်,နင်ရဲ့ ရွေးချယ်မှုကို ငါယုံပြီးသားပါ,ဟင်း... ငါရဲ့ခွေးလေးနဲ့တွေ့ချင်နေပြီ အိမ်ရောက်ရင် တစ်ဝကြီး နမ်းပစ်အုံးမယ်'

'မင်းငါ့ကိုအတူခေါ်သွားမယ်ဆိုတာ မေ့သွားပြီလား'

'ရှန့်ဟွား, အဲ့တုန်းက ငါ့ရဲ့ရူးကြောင်ကြောင်နည်းတွေက အလုပ်မဖြစ်မှန်း သိပါတယ် နင်ငါ့ကို အားပေးတဲ့အနေနဲ့ ပြောခဲ့တာမဟုတ်ဘူးလား'

'မနောက်ပြောင်တက်ဘူး'

'ငါနဲ့လိုက်ရင် နင်ဘယ်မှာနေမှာလဲ အိမ်ငှားခ ဈေးကြီးတယ်,ပြိးတော့ ငါ့အိမ်မှာ‌နေလို့ မဖြစ်ဘူး'

ခေါင်းခါပြ၍

'ငါ့လိုမင်းသားတစ်ယောက်က သူများအိမ်ငှားနေရမှာလား အပိုင်ဝယ်မှာပေါ့'

'ရှန့်ဟွား နင်လက်လျော့လိုက်တော့, ဒီမှာကောင်းကောင်းနေခဲ့ပြီး မိသားစုထူထောင်ပါ'

'ကတိမတည်ဘူးပေါ့'

'မဟုတ်ပါဘူး, ငါ..'

'မစိုးရိမ်ပါနဲ့ ငါမလိုက်ပါဘူး'

Is That True?Donde viven las historias. Descúbrelo ahora