113.အောက်လမ်းဆရာ

421 22 2
                                    

'အဖွား တဂယ်ပဲ မကောင်းဆိုးဝါးမရှိဘူးလား'

'သားတို့ မကောင်းဆိုးဝါးမရှိပါဘူး'

'အစ်ကိုတော် ဒါဆို မကောင်းဆိုးဝါးက ရွာအဝင်တောလမ်းမှာပဲရှိရမယ်'

'ဟုတ်တယ်'

အဖွားမှ ချောင်းရှိရာသိုခေါ်လာပြီး
ချောင်းတစ်ခုလုံးမှာလည်း အနီရောင်ဖြစ်နေတော့သည်။

ရေကို ဆန်းစစ်ကြည့်ရာ
သွေးနံ့မရှိ ဆေးအနံ့တစ်မျိုးရသည်။

အစ်ကိုတော်မှ အရဲစွန့်၍ အရသာခံကြည့်တော့
'ထွီ..'

'အစ်ကိုတော် ဘယ်လိုဖြစ်တာလဲ'

'ဒီအရသာက ..ဒါလူလုပ်ထားတာပဲဖြစ်မယ် ဘယ်လိုမှသွေးမဖြစ်နိုင်ဘူး'

ညီမှထိုရေကိုမြည်းစမ်းကြည့်ရာ
'ဟုတ်တယ် အစ်ကိုတော်'

အဖွား ဒီအရောင် ဘယ်အချိန်ကစဖြစ်တာလဲ
'တစ်လလောက်တော့ရှိပြီ'

'အရောင်တွေက ပုံမှန်ဆိုရေထဲမှာ ကြာကြာမခံဘူး'

'မိုးရေက အရင်ကတော့ သွေးလိုမျိုးရွာတယ် အခုရက်ပိုင်းတော့ပုံမှန်အရောင်ပြန်ဖြစ်သွားတယ် '

'မ‌ကောင်းဆိုးဝါးမရှိရင် အဖွားတို့ ဘာလို့ တစ်ရွာလုံး တံခါးပိတ်နေကြတာလဲ'

'အဖွားတို့ ဓားပြရန်က ကာကွယ်တာပါကွယ်, ရွာက ယောင်္ကျားသားတွေအကုန်မရှိတော့ ပြသာနာဖြစ်မှာစိုးလို့'

'ကောင်းပါပြီ, ဒီချောင်းရဲ့ စီးချောင်းအတိုင်းလိုက်သွားရမယ် '

'အစ်ကိုတော် ရွာမှာ ခနနားပါအုံး,တစ်လမ်းလုံး အစ်ကိုတော်ပဲ လှည်းမောင်းရတော့ ခရီးပန်းနေမှာပေါ့'

'သားတို့ နားလို့ရပါ‌တယ်, အဖွားအိမ်လိုက်ခဲ့ကြ'

'Wáng yǒng ဒါဆို အစ်ကိုတို့ မနတ်မှ ပြန်လာကြတာပေါ့'

'ဟုတ်ကဲ့,အစ်ကိုတော်'

အဖွားတို့အိမ်ကိုရောက်သွားကြ၍

ရွာကလူတွေလည်း စပ်စုကြခြင်းမရှိပေ
'ရွာကတဂယ် တိတ်ဆိတ်တာပဲ'

'ရွာထဲမှာ ပိုက်ဆံမလိုဘူး, အကုန်လုံး အိမ်မှာ စိုက်ပြီးစားကြတာကွဲ့'

Is That True?Where stories live. Discover now