136. Oppa Fan

286 23 1
                                    

Wang lei မှ liu yangတို့ စားပွဲဝိုင်းကို ဦးတည်လာကာ

'ကျွန်တော်နောက်ကျသွားလား'

'ဘာမှမဖြစ်ပါဘူး, ဒီအတိုင်းအရေးကြီးတာမှ မဟုတ်တာ'

'အရေးမကြီးဘူးလား'

'အင်း ဒီအတိုင်း စကားပြောကြတာပဲလေ'

Liu yangပြောလိုက်သောစကားကြောင့် Wang Lei အနဲငယ်တော့ အပြုံးပျတ်သွားခဲ့

'ဝေး နင်ကလည်း wang lei က ငါတို့အတွက် အရေးကြီးတဲ့လူပဲ, သူ့ကိုကြည့်ပါလား ဘတ်စကတ်ဘောနဲ့ပဲ အချိန်ကုန်နေရတာ'

'လာ ဒီမှာလာထိုင်လေ'

'ကျေးဇူးပါ'

'ဒါနဲ့ wang leiငါတို့ကို ဘတ်စကတ်ကွင်းဘယ်တော့ခေါ်ပြီး ဆော့ပြမှာလဲ'

'xiuက မြင်ချင်တယ်ပြောတော့လည်း, ကျွန်တော် ဆော့ပြမှာပေါ့'

Liu yang အသံတိတ်နေ၍
Xiuနဲ့Taiနားအား ကပ်၍ တိုးတိုးပြော
'သူမ တစ်ခုခုဖြစ်လို့လား'

'မသိဘူး, ခနကထဲက အဲ့လိုပုံဖြစ်နေတာပဲ'

အခုလည်း သူတို့တီးတိုးပြောတာ သတိမထားမိပဲ တစ်ယောက်ထဲအတွေးမှာ နစ်နေပြန်ပါပြီ။

'liu yang'
Xiuမှ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်ကာ

'ဟင်, ဘာလဲ ခေါင်းလောင်းထိုးပြီလား'

'နင်ဘာတွေတွေးနေတာလဲ'

'အေ့လေ'

'ငါဒီအတိုင်း အရင်ကအကြောင်းကိုတွေးမိသွားလို့, ဘာမှမဟုတ်ပါဘူး'

'ဘာလဲပြောပြလေ'

'ဘာလို့ပြောပြရမှာလဲ'

Wang lei မှ
'liu yangကျွန်တော် ဘတ်စကတ်ဘော ဆော့တာ လာကြည့်မယ်မလား'

'အင်း ကြည့်ရမှာပေါ့'

'ကျွန်တော် အားလုံးကို ပြောပြစရာရှိတယ်, သူငယ်ချင်းတွေဆိုတာ ဖုံးကွယ်ထားဖို့မလိုဘူးမလား'

'အင်း ဒါပေါ့'

'ပြောပြပါ'

'ကျွန်တော် ဘာလို့ ဘတ်စကတ်ဘော ဆော့ဖြစ်တာလဲဆိုတာပါ, ကျွန်တော် အသက် 15နှစ်အရွယ်ပေါ့ တစ်ရက် ဆေးရုံမှာ နိုးခဲ့တယ်, နိုးလာတဲ့အချိန်မှာ ကျွန်တော်ဘာမှကို မမှတ်မိဘူး'

Is That True?Where stories live. Discover now