116. fei hong

413 30 4
                                    

'ခေါင်းဆောင် ကျွန်တော်တို့ထွတ်ဖို့အဆင်သင့်ပါပဲ'

'ငါတို့လူစုံပြီလား'

'ဟုတ်'

'အစောင့်တွေရှင်းတာသေချာလား'

'သေချာပါတယ်ခေါင်းဆောင်'

'ငါတို့နေမြေအသစ်မှာ လုပ်ရမှာဆိုတော့, သတိတော့ထား'

'ဟုတ်ကဲ့ခေါင်းဆောင်'
‼️‼️‼️‼️‼️‼️‼️

'အမေ သားနန်းတော်ကနေ ဝေါယာဉ်ခေါ်ထားတယ်,အမေအထုတ်တွေ အကုန်ပြင်ပြီးပြီလား'

'ရှောက်ယီ ပြင်ပြီးပါပြီ, သားအရမ်းလောတာပဲ '

'‌အမေလာမယ်ဆိုတော့ အဖေလည်း စားပွဲတွေပြင်ပေးထားတယ်, အကုန်မျော်နေကြတာ'

'ပျော်နေလိုက်တာ ကြည့်ပါအုံး, ဒီလိုမှန်းသိရင် အမေအစောထဲက သားနဲ့အတူနေပါတယ်'

'သားအစောထဲကပြောရမှာ'

'သခင်လေး လှည်းရောက်ပါပြီ'

'အမေ ရောက်ပြီတဲ့,သွားရအောင်'

ရှောက်ယီမှ အထုတ်အပိုးများ လှည်းပေါ်တင်ပေး၍
နန်းတော်သို့ သွားကြတော့မည်ဖြစ်သည်။

'မမရှောက်ယီ အရင်က နန်းတော်မှာနေတာ ပျော်ရဲ့လား'

'ပျော်ပါတယ်'

'အခုပိုပျော်ရတော့မှာ,ကျွန်တော်ရှိနေပြီမို့ '

'မမလေးသားက အရမ်းပြောတက်တာပဲ, သူ့ညီလေးဆီက တက်လာတာပဲဖြစ်မယ်'

'ဟုတ်တယ် အရင်ကဆို Fei Hong စကားသိပ်မပြောဘူး, ဒါနဲ့ သားညီလေး Wáng yǒng ရော'

'သူပြန်ပြီး အမေ့အတွက် အခန်းပြင်ပေးနေတာ'

'လိမ္မာလိုက်တာ, သား Fei Hong'

'ဟုတ် အမေ'

'အမေ သားအဖေနဲ့ မျတ်နှာချင်းမဆိုင်ချင်ဘူး အမေအဲ့တစ်ခုတော့ တောင်းဆိုချင်တယ်'

'သားသိပါတယ်, တစ်ခုလောက်မေးလို့ရမလား'

'ဘာများလဲ'

'သားအမြဲတမ်းသိချင်ခဲ့တာ, အမေ့အပေါ် အဖေ ကြီးလေးတဲ့အပြစ် လုပ်ထားလို့လား'

'အခုချိန်မှာ ဒါတွေကအရေးမကြီးတော့ပါဘူး, သားအဖေကိုလည်း မမုန်းပါနဲ့ သူဘက်ကကြည့်ရင်လည်း မမှားပါဘူး, အမေပဲ မာနကြီးလွန်းနေတာထင်တယ်'

Is That True?Where stories live. Discover now