66.Life Of Yŭ (5)

662 47 0
                                    

Yŭ၏ မိဘနှစ်ပါးပုံအား အရင်အိမ်မှ ပုံတူပန်းချီရရှိထား၍ မြင်သည်နှင့် ဖမ်းဆီးကြမည်အဟုတ်ပေ။

'píng သားလေး သေချာပြီလား, ဒေါ်ဒေါ် တော့ ဒါကိုခွင့်ပြုရမှာ ကြောက်နေတယ်'

' ကျွန်တော့် ‌ဆုံးဖြတ်ချက်ပါ ,
ဦးလေးနဲ့ဒေါ်ဒေါ်တို့ အမှားလုံးဝမဟုတ်ပါဘူး'

'သားလေး မင်းက ငါတို့သားအရင်းလိုပါပဲကွာ'

သုံးယောက်သား တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ကြ၍ မှုးမတ်များဆီသို့ သွားရောက် အဖမ်းခံလိုက်ကြသည်။

မိဘနစ်ပါး၏ မျတ်နှာအား ပုံတူတိုက်ကြည့်ကြရာ

တစ်တိုင်းပြည်လုံး ကြားရလောက်သည်အထိ ဗုံစည်ကြိးများတီးကာ တရားခံမိပြီဟု ကြေညာလိုက်သည်။

'ဒီကလေးလား ခေါ်လာခဲ့'

Píngအား ကြောက်ရွံ့နေသော်လည်း သတ္တိမွေးကာ

'မင်း ဘယ်ကလာတာလဲ, ဘာလို့ဒီတိုင်းပြည်ကို ကပ်ဆိုက်အောင် လုပ်ရတာလဲ'

စစ်ဆေးရေးလူကြိးမှ píngအား တစ်ကိုယ်လုံး ချုပ်ထားပြီး မေးခွန်းများမေးနေကာ
'ကျွန်တော်က သာမန်လူပဲ, ဒီတိုင်းပြည်ကို ဘယ်တုန်းကမှ ကပ်ဆိုက်အောင်မလုပ်ခဲ့ဘူး'

'ခွေးမသား* လာလိမ်နေတယ်, မင်းသားလေးကို မင်းဘာလုပ်လိုက်တာလဲ အခုပြန်ဖြေစမ်း'

'ကျွန်တော့်အမေကိုတော့ မစော်ကားနဲ့ဗျ, ကျွန်တော့်ကို ကြိုက်သလောက် အပြစ်တင်နိုင်တယ်, ဒါပေမယ့် ကျွန်တော်ပြောတာ အမှန်တရားတွေပဲ'

'မင်းပါးစပ်ကများ အမှန်တရားကို ပြောထွက်သေးတယ် လာကြ ရိုက်ကြစမ်း'
Píngကို ကြာပွတ်ဖြင့် အဆတ်မပြတ်ရိုက်ကြကာ
ပါးစပ်ထဲမှ သွေးအလိမ့်လိမ့် အန်ထွက်ကာ ရပ်ခိုင်းလိုက်ပြိး

'ဘယ်လိုနေလဲ ခွေးမသား*  မင်းဒီ၈နှစ်အတွင်း ငါတို့တိုင်းပြည်ကို ပြုစားထားတာ သေတာထက်ကို ပိုခံစားရသင့်တယ်ကွ'

မိဘနစ်‌ပါးကိုလည်း သိးသန့်အခန်း၌ ဖမ်း၍ နိုပ်စက်ကြကာ
🕌🕌🕌🕌
'အရှင်မင်းကြီး ဆံဖြူကလေးကို တွေ့ကြပါပြိ,အခု စစ်ဆေးမေးမြန်းနေကြတယ်'

Is That True?Where stories live. Discover now