93. happy again

504 27 0
                                    

Ping yáng ဆိုတဲ့ရွာလေးက yŭရဲ့ ဇာတိမြေပေါ့
တစ်နေ့ အဲ့ရွာလေးမှာ လူပျိုကြီးတစ်ယောက်က သူ့ရဲ့စိုက်ခင်းထဲမှာ ကလေးငိုသံကြားခဲ့ရတော့
သေချာလိုက်ရှာခဲ့ပြီး နောက်ဆုံးတော့ ဖရဲသီး စိုက်ခင်းထဲမှာ တစ်လသားက‌လေးလေး ကို တွေ့ခဲ့တယ်

'အားယိုး ဘယ်လိုလုပ် ဒီကို ကလေးလေးရောက်နေတာလဲ မြွေပါးကင်းပါးနဲ့'
ကောက်ချီလိုက်ပြီး အငိုတိတ်အောင် ချော့နေတော့တာပေါ့

သူကတစ်‌ယောက်ထဲနေတဲ့ လူပျိုကြီး မိတ်ဆွေအသိလည်း မရှိတော့ ကလေးကို သူပဲတာဝန်ယူလိုက်တာပေါ့

'ကလေးလေး မင်းမိဘတွေက တော်တော်ဆိုးတာပဲ,ချစ်စရာကောင်းတဲ့ ကလေးလေးကို'

ကလေးလေးလက်ခုံမှာ မွေးရာပါအမှတ်လေးရှိပါတယ်။

'ကလေးလေး မင်းကို ဖရဲသီးတွေနဲ့အတူတွေ့တာဆိုတော့ Xīguā bǎoလို့ ခေါ်မယ်'
(Xīguā bǎo-ရှီးကွား‌ ပေါင်)

လူပျိုကြီး ပျိုးထောင်လာရတဲ့ကလေးလေးက လိမ္မာခဲ့ပါတယ်

Xīguā bǎo 10 နှစ်သားအရွယ်ရှိခဲ့ပြီ
'ဖေဖေ အိမ်ပြန်လာပြီလား'

'Xīguā လာ, ‌ဝိုင်းသယ်ပေးပါအုံး'

'ဟုတ်ဖေဖေ, ‌ဖရဲသီးပါလာတယ် ဟေး'

'ပျော်သွားပြီလား'

'ဟုတ် သားခနကတောင် စဉ်းစားနေတာ ဖရဲသီးလေးစားချင်လိုက်တာလို့'

'အေ့အေ့ ဟုပါပြီ လာခွဲစားရအောင် ဓားသွားယူ'

'ဟုတ်!'

တက်တက်ကြွကြွဖြစ်နေတော့တယ်
ဖရဲသီးက သူအကြိုက်ဆုံးအသီးလေ

တစ်စိတ်ခွဲပြီးတာနဲ့ ယူပြီး ပလုတ်ပလောင်းစားလိုက်တာပဲ
'Xīguā ဖြေးဖြေးစားပါ အစေ့တွေ ဗိုက်ထဲရောက်ရင် အပင်ပေါက်နေအုံးမယ်'

'သားသိပါတယ် အစေ့မစားမိစေရဘူး'

လူပျိူကြီးခြံထဲက ဖရဲသီးယူလာတိုင်း သူ့သားလေးက ပျော်နေခဲ့တယ်

အသက်22
အရွယ်ရောက်လာခဲ့အခါ

'အဖေ ကျွန်တော် မြို့ထဲသွားပြီး ဈေးဝယ်လိုက်အုံးမယ်'

Is That True?Where stories live. Discover now