71. i'm not

795 45 0
                                    

ထမင်းစားပြီးကြ၍ အရှင်မင်းကြီးနှင့်အတူ Yŭ အခန်းထဲ၌ သိးသန့်စကားပြောနေ၍ Qian niစောင့်နေကာ

'Zhēnzhū ဒီမှာခနစောင့်နေပါ ကျွန်တော်Qianနဲ့ပြောစရာရှိသေးလို့'

'အော် ဟုတ်ကဲ့, စောင့်နေမယ်နော်'

'ခွင့်ပြုပါအုံး'

Mìng Qian niရှိရာသို့လာ၍
'Qian ဘာကိုစောင့်နေတာလဲ'

'ရှင်မကြားလိုက်ဘူးလား , Yŭကို စောင့်နေတာ။သူနဲ့သွားစရာနေရာရှိလို့'

'ကိုခနက အမေနဲ့အဖေရှိလို့မပြောတာ, Qian မင်း Yŭနဲ့ နီးကပ်လွန်းတယ်,အကူညီလိုရင် ကို့ကိုပြောလို့ရတယ်လေ'

'ဒါဆို ရှင်က အနာဂတ်ကိုမြင်ရလား? အားယား တော်ပါ ရှင့်ရဲ့Zhēnzhūလေးကိုပဲ ဂရုစိုက်လိုက်ပါ, မတွေ့ရ‌တာကြာပြီဆိုတော့ အလွမ်းသယ်ကြပေါ့'

'အဲ့တာ ကို့သူငယ်ချင်းလေကွာ, Yŭက မတူဘူးလေ'

'ရှင်က သဝန်တိုနေတာလား'

'မင်းကရော သဝန်တိုနေတာလား'

'မတိုဘူး လုံးဝမတိုဘူး, သူနဲ့ပဲသွားနေ လာမခေါ်နဲ့'

'Qian မင်းသဝန်တိုနေတာပဲကို, ဟင်း ဘာပဲဖြစ်ဖြစ် ကိုတောင်းပန်ပါတယ်နော်, ကိုအမှန်တိုင်းပြောရရင် Qianကို သဝန်တိုတယ် ခနက Zhēnzhūနဲ့ မေမေတို့ ဖေဖေတို့က သူ့ကိုသမိးလို ခင်နေတော့ ကိုလည်းအလိုက်သင့်ပြောရတာပါ အခုစိတ်မကောက်နဲ့တော့နော်'

'မသိဘူး Yŭကိုမေးကြည့်မှာ, ခွင့်လွှတ် သင့်မသင့်'

'Qiann ကိုမင်းတစ်ယောက်ထဲကိုပဲ ချစ်တာ သိတယ်မလား,ကို့ကို ယုံကြည်ပေးပါ‌'

'ရှင်ကရော ကျွန်မနဲ့Yŭကို ဘာလို့သဝန်တိုရတာလဲ'

'Yŭက ကို့ထက် အရာရာပြည့်စုံနေတယ်လို့ခံစားမိလို့ပါ'

'အရူး, Yŭမှာ ကျွန်မတို့လို ထမင်းလက်ဆုံ စားဖို့ မိသားစုမရှိဘူး, သူ့ဘက်မှာ ရပ်တည်ပေးမဲ့ သူငယ်ချင်းဆိုတာလဲမရှိဘူး Qian niက သူ့ရဲ့ သူငယ်ချင်းတစ်ယောက် အဖြစ်နေပေးချင်ရုံပါ, သူကတဂယ်လဲ ခင်ဖို့ကောင်းတယ်'

'ကိုမှားသွားပါတယ်နော်Qian ,
Mìngတစ်ကိုယ်ကောင်းဆန်မိတယ်'

'ဟူး... ထားလိုက်ပါတော့ ကျွန်မတစ်‌ခြားတစ်နေရာကပဲ စောင့်နေလိုက်တော့မယ်'

Is That True?Where stories live. Discover now