33.Lesson

1.6K 109 0
                                    

Shu liမင်းကြိးကို ကြည့်နေစဉ် မင်းကြိးမှ နိုးလာပြိး အကြည့်ချင်းဆိုင်မိရာ

'shu နိုးပြိလား...ဘာလို့ဒီမှာလာအိပ်နေတာလဲ'

'အယ် အရှင် ကျွန်မ မနက်လမ်းထလျှောက်ရင်း ‌ဒန်းမှာခနမှေးလိုက်တာ အိပ်ပျော်သွားတာ..ဒါနဲ့အရှင်ကရော ဘာလို့ ‌ကျွန်မဘေးမှာလာအိပ်နေတာလဲဟင်'

'မင်းကိုစိတ်မချလို့လေ မင်းလက်တွေလည်းအေးစက်နေတာပဲ အအေးပတ်မှာပေါ့ နောက်တစ်ခါ စောစာလမ်းလျှောက်ချင်ရင် ကို့ဆိလာ အတူတူလမ်းလျှောက်ကြမယ်လေ နော်'

'ဟမ် ရပါတယ် ကျွန်မအမြဲတမ်းမနိုးဘူး...'

'Shuအိပ်မပျော်ခဲ့ရင်လည်း ကို့ဆီလာပေါ့'

'အင်း....ကျွန်မကိုသွားခွင့်ပြုပါအုံး အရှင်..'

'ကိုနဲ့စကားမပြောချင်တာလား'

'မဟုဘူး မဟုဘူး shu liဗိုက်ဆာလို့ပါ'

'‌ကိုနဲ့လိုက်ခဲ့..'

SHU Liလက်အား ဆွဲကာ သူ၏ စားဆောင်သို့ခေါ်သွားရာ

'အရှင် မနတ်စာက အများကြိးပဲ နေ့လည်စာပါပေါင်းစားလို့ရနေပြိ'

'Shuအတွက် ကိုမှာထားတာ ကြိုက်သလောက်စားပါ'

'အရှင် ဒါဆိုShu liစားပြိနော်'

Shu liသည် အားရပါးရ ကြိတ်လေသည်။

(စားတာကအစ ချစ်ဖို့ကောင်းနေရောပဲ မင်းကိုဒီတိုင်းလေး တစ်ချိန်လုံးထိုင်ကြည့် နေချင်တယ်)

မင်းကြိး စိုက်ကြည့်နေသည်ကို Shu liသတိထားမိ*

'ကျွန်မ ပါးစပ်မှာ ဟင်းကပ်နေလို့လားဟင်'

'တစ်ခုခုကပ်နေတယ်'

'ဟင် ဘယ်မှာလဲ'

လိုက်ရှာ လိုက်ရှာ"

'မတွေ့ဘူး အရှင်ရဲ့ ဟုလို့လား စနေတာလား'

'မင်းမျတ်နှာမှာ သံလိုက်ဓာတ်လိုမျိုး ဆွဲဆောင်နေတဲ့အရာကပ်နေတာပဲ အဲ့တာက ချစ်စရာကောင်းတဲ့အရာထင်တယ်'

'အယ်.....'

'Shu မင်းကို့အချစ်ကို မသိချင်ယောင်မဆောင်ပါနဲ့တော့ ..
မင်းကို အတင်းလုမယူချင်ဘူး ကို့ကိုကြည်ကြည်ဖြူဖြူပြန်ချစ်စေချင်တယ်'

Is That True?Wo Geschichten leben. Entdecke jetzt