75.မူးဝေရီ

1.5K 50 0
                                    

Shu liမှ လဲကျသွားသော ရှန့်ဟွားအား ထူပေးကာ
'နင်ခြေထောက်ခေါက်သွားလား'

'အင်း,နဲနဲ'

'လာ ငါ့ကိုမှီလိုက် တွဲသွားပေးမယ်'

ရှန့်ဟွားအဆောင်သို့ shu liတွဲသွားပေးကာ
'ဒီမှာထိုင်နေ,ငါလိမ်းဆေးသွားယူပေးမယ်'
Shu liမှာ ပြာယာပြာယာဖြင့် ဆေးသွားရှာပြီး ရှန့်ဟွား ခြေထောက်အား လိမ်းပေးရန်ဖြစ်သည်။

'ငါလိမ်းဆေးယူလာပြီ နင့်ခြေထောက်ခုံပေါ်တင်လိုက်'
Shu li၏ လက်ကို ရှန့်ဟွား လှမ်းဆွဲလိုက်ကာ
'Shu li မင်းဘာဖြစ်ခဲ့တာလဲ'
'ငါ...ငါနောက်မှပြောပြမယ်,နင့်ခြေထောက်အရင် ဆေးလိမ်းရအုံးမယ်'

'ကျွန်တော်က အရေးမကြိးပါဘူး, မိဖုရားshu အဆင်မပြေဘူးမလား'

Shu liခဏတာ ငြိမ်သက်သွားပြီး
မျတ်ရည်များကျလာကာ
'ရှန့်ဟွား ငါတဂယ်အဆင်မပြေဘူး, ငါအဲ့လို ကိစ္စမျိူးကို လက်မခံနိုင်ဘူး'

'Shuစိတ်အေးအေးထားပါ,ဘယ်လိုကိစ္စမျိုးလဲ ကျွန်တော်သိခွင့်ရမလား'

'ငါမင်းကြီးကို တစ်ယောက်ထဲမပိုင်ဆိုင်ဘူးဆိုတာသိပါတယ်,ဒီလက်ထပ်ပွဲကနေ အစထဲက ရှောင်ပြေးလိုက်သင့်တာ သူငါကလွဲပြီးဘယ်သူနဲ့မှ မနေပါဘူးလို့ကတိပေးခဲ့တယ်လေ'

'Shu li'

'ငါအရှင်မင်းကြီးဆီ သွားတော့ မူးမတ်ကပြောလို့ မိဖုရားကြီးနဲ့အတူနေနေတာကို သိခဲ့ရတယ်,ငါခနစိတ်လွတ်သွားတယ်ထင်တယ် ဒီကနေထွက်ပြေးချင်လာလို့ ငါဆက်တိုက်ပြေးနေခဲ့တာ'

'Shu liမင်းကျော်ဖြတ်နိုင်မှာပါ,ကျွန်တော် ယုံတယ် မိဖုရားဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်မိဖုရားဘက်က ရပ်တည်ပေးမယ်'
မျတ်ရည်များသုတ်ကာ
'ရှန်းဟွားကတော့‌လေ ငါ့သူငယ်ချင်းတွေတောင်သတိရသွားပြီ,‌ကျေးဇူးပါ နင်သာမတားခဲ့ရင် ငါဘယ်လောက်ထိစိတ်လွတ်သွားမလဲမသိဘူး'

'အရင်တစ်ခေါက်ကလို မူးမလဲဖို့ပဲ ‌မျော်လင့်ပါတယ်'

'ငါမူးလဲချင်လို့မဟုတ်ပါဘူး,ဒီခန္တာက အားနည်းနေတာပါ,ကဲပါ နင့်ကိုဆေးလိမ်းပေးမယ်'

'ကျွန်တော့်ဘာသာလိမ်းလိုက်ပါ့မယ် ပေးပါ'

'နင်ငြိမ်ငြိမ်နေစမ်းပါ ငါလိမ်းပေးမယ်'
Shu li၏ ငိုမဲ့မဲ့ မျတ်နှာလေးနှင့်
ရှန့်ဟွားအား ဆေးလိမ်းပေးနေတော့သည်။

Is That True?Hikayelerin yaşadığı yer. Şimdi keşfedin