Part - 6

604 78 17
                                    

Unicode

Namjoon ထမင်းစားခန်းမှ ထွက်ပြီးအဘိုးအခန်းသို့
ဦးတည်လိုက်သည်။

  " Namjoon ရေ သား...လာ ဒီမှာ သစ်သီး လာစား"

အမေ ခေါ်နေတာမို့ ဧည့်ခန်းဘက်သို့သွားပြီး အမေ့ ဘေးဝင်ထိုင်လိုက်သည်။

  " သမီး ပန်းသီးပုဂံ သားကို ပေးလိုက်ဦး "

  " ကျေးဇူး "

ပုဂံ လှမ်းယူရင်းခပ်တိုးတိုးဆိုတော့ သူမပြုံးပြသည်။
အဖေတို့စကားပြောတာ နားထောင်ရင်း ပန်းသီးစား
နေလိုက်သည်။ ခဏနေတော့ Namjoon ပျင်းလာ
သည်။

  " ကျွန်တော် အဖိုးနဲ့ စကားသွား ပြောလိုက်ဦးမယ် "

အဖေ ခေါင်းညိမ့်တာနဲ့ ထထွက်ခဲ့သည်။ အဖိုး အခန်းထဲ ကလေးတစ်ယောက်လို ပြေးဝင်တော့ အဖိုးက လှဲ နေရာမှ ထကြိုသည်။

  " ငါ မအိပ်သေးဘူးနော် Namjoon "

  " အင်း ကျွန်တော် နဲ စကားပြော... Mis. Cha     
     သစ်သီးသွားစားလေ.. "

  " ဟုတ်ကဲ့.. အစ်ကိုလေး...  "

Mis. Cha ထွက်သွားတော့ အဖိုးက အဖွားလွမ်းချင်း
စဖွင့်သည်။ နေ့တိုင်းနားထောင်နေရတဲ့ Mis. Cha ကို ကိုယ်ချင်းစာမိသား ။ ကျွန်တော်လဲ ဘာကိုလွမ်းမှန်းမသိလွမ်းတယ်လို့ စိတ်ထဲပြောမိသည်။

"Jin နဲတွေ့ ရင်အိမ်လာဖို့ပြောလိုက်ဦး Namjoon "

  " ဖုန်းရောမဆက်ဘူးလား... အဖိုးမြေးက.."

  " ဆက်ဘူး"

  " အင်း... ကျွန်တော် ပြောလိုက်မယ်.."

Mis. Cha  ပြန်လာတော့ အဖိုးကိုနှုတ်ဆက်ပြီး အပေါ် တက်ခဲ့သည်။

  " ကိုယ် Jin နဲ့သွားတွေ့လိုက်ဦးမယ်.. အိပ်နှင့်.."

"  သိပ် နောက်မကျစေနဲ့နော် အဖေလဲ သတိထားဦး"

Namjoon ခေါင်းညိမ့်ပြလိုက်ပြီး coat ကိုယူကာထွက်ခဲ့လိုက်သည် ။ အိမ်အဝင်အထွက်က Mis. Cha နဲ့ ဒုံဆူ ကို ပြောခဲ့ရုံ ။

  " Jin Hyung  ဘယ်မှာလဲ.. ကျွန်တော် လာမလို့..
    အာ ကျွန်တော့်ကိုစောင့်..."

သူဖုန်းချလိုက်ပြီး ကားပေါ်တက်ကာမောင်းထွက်ခဲ့သည် ။ Club ရှေ့ရောက်တော့ စောင့်နေပုံရတဲ့ Jin Hyung က လှမ်းအော်သည်။

Have been fall in love ( Completed )Where stories live. Discover now