UnicodeNamjoon ဘယ်လိုမှအိပ်မပျော်... အိပ်ရာပေါ်မှာ လူးလိမ့်နေရအောင်လဲ ဘေးကသူမကို အားနာစွာ အပြင်ထွက်နေဖို့ တွေးမိသည်။ အိပ်ရာပေါ်မှ အသာထကာ အပေါ်ရုံအင်္ကျီကောက်ဝတ်ရင်း အခန်းအပြင်သို့
ထွက်ခဲ့သည်။ ပန်းချီခန်းရဲ့တံခါးမှာ မှီရပ်လိုက်တော့ အခန်းထဲက သူ့ရင်ခုန်သံကို သူပြန်ကြားရသည်။ သက်ပြင်းတစ်ခုအသာချရင်း ကောင်လေးကိုသတိရမိတဲ့
သူ့စိတ်... တစ်ခဏလေးတွေ့လိုက်ရတာ တစ်သက်လုံး
သတိရနေဖို့လား... ပြီးတော့ သူက ယောက်ျားလေးတစ်ယောက်..." Kim မိသားစုအတွက် ဒီအကြောင်း အရာက
Kim Seokjin တစ်ယောက်နဲ့လုံလောက်ပြီ... "Seokjin Hyung Namjoon ကို အမြဲပြောတတ်တဲ့ စကားတစ်ခွန်း... ပြန်မပြော နားမထောင် တတ်တဲ့
ကိုယ်လိုလူက အဲဒီလိုစကားကို ရူးပြီး နားထောင်ခဲ့တာ... အခုအချိန်ရင်ထဲက ကွက်လပ်တွေက ဖြည့်မရ
တော့ပဲ လစ်ဟာနေတာ ခံစားရလဲ ဒီအတိုင်းလေး ရှေ့ဆက်သွားရဦးမှာ...
လေးပင်နေတဲ့ ခြေလှမ်းတွေနဲ့ ဝရံတာဘက်ကို ဦးတည်လိုက်သည်။ တံခါးဖွင့်ပြီးထွက်လိုက်တာနဲ့ တိုးဝှေ့
လာတဲ့လေအေး... လက်ရမ်းတွေ ပေါ်လက်ထောက်ပြီး
ကောင်းကင်ကို ငေးမောမိသည်။ လ မရှိပေမဲ့
ကြယ်တွေနဲ့ တောက်ပနေတဲ့ ကောင်းကင်... ကြယ်တွေစုပြီး Hobi ဆိုတဲ့ကောင်ချောလေးရဲ့ပုံ ဖြစ်သွားချိန် ကိုယ်အတော်လေးကို ရူးသွပ်သွားမှန်း Namjoon ကိုယ့်ကိုကိုယ်သိသည်။" Jin Hyung... Hyung လည်းအဲ့လို နာကျင်ခဲ့
တာလား...ကျွန်တော်ကလည်း နားလည်မပေးခဲ့ဘူး"မိဘတွေဆုံးပြီး ၁၀ နှစ်လောက် အဘိုးအဘွား ဦးလေး
နဲ့ အိမ်မှာအတူနေရာကနေ ထွက်ခွာပြီး သီးသန့်သွားနေဖြစ်အောင် စိတ်ဖိစီးမှုတွေများခဲ့သလား... ဒီနှစ်တွေအတွင်း စောင့်ရှောက်ပေးနေသူတွေနဲ့ ချစ်သူရဲ့ကြား ဖုံးဖိနေထိုင်ရင်း ပင်ပမ်း ပျော်ရွှင် နေပုံပဲ...
စိတ်မပူပါနဲ့ Hyung... ကျွန်တော် Jin Hyung ဘက်ကရှိမှာမို့...
ကိုယ်ချင်းစာမိချိန် နောက်ကျလဲ အချိန်မှီသေးတယ် မဟုတ်လား... ကျွန်တော့်လို ဘာမှ ပြင်ဆင်ခွင့်မရှိတာထက်စာရင်... စီးပွားရေးမှာဖျံကျတဲ့ ကျွန်တော်က အချစ်ရေးမှာညံ့ပြီး အိမ်ထောင်ရေးမှာမိဘတွေ
စီမံရာ...
ဘယ်သူမှတော့ပြောဖြစ်မှာမဟုတ်... ကျွန်တော်ချစ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တာကို...။