Part - 24

370 55 32
                                    


Unicode

မနေ့က အိမ်ပြန်ရောက်ကတည်းက စိတ်ဓါတ်ကျသွားသည်ထင်... ညက အိပ်မပျော်... Lil Nas X ရဲ့ That's not what I want mv ကိုဆက်တိုက်
ကြည့်နေမိသည့်အပြင် ဒီနေ့ မနက်လည်း အစောကြီးနိုးနေခဲ့သည်။ အိပ်ယာမှထကာ ရေချိုးခန်း ထဲဝင်ပြီး ဘေစင်ရှေ့ရပ်တော့ ညိုနေတဲ့မျက်ကွင်းတွေ... သွားတိုက် မျက်နှာသစ်ပြီး အောက်ဆင်းခဲ့လိုက်သည်။

" Joonie အစောကြီးပါလား...ဖေကြီး နဲ့ ဒုံဆူတောင်
ပြန်မရောက်သေးဘူး...
အယ် မင်း မျက်ကွင်းတွေ ဘယ်လိုဖြစ်...."

" ည က အိပ်မပျော်ဘူး အမေ... ခုလဲ ခေါင်း မကြည်
ဘူး..."

" လိမ္မော်ရည်လေးသောက်လိုက် သား....
တစ်ယောက်ယောက် ဖန်ခွက်တွေ လာပို့ပေးပါ..."

စားပွဲပေါ် လက်ထောက်ပြီး နားထင်ကို နှိပ်နယ်နေစဉ်
အနား ရောက်လာတဲ့အရိပ်... သဘောကျခဲ့ဖူးတဲ့ ကိုယ်သင်းနံ့ ... ဖန်ခွက်ဗန်းကို နေရာချပြီး ဖန်ခွက်တစ်ခွက်
ယူကာ လိမ္မော်ရည်ထည့်နေတဲ့ Jung Hoseok....

" ဟင့်အင်း... ငါ မဟုတ်ဘူး.... သူဌေးလေးကို ပေး.."

Namjoon အနား လိမ္မော်ရည်ခွက်လာချပေးတဲ့ Jung Hoseok က ခေါင်း လေးငုံ့လျက်သား...

" ဖိုးဖိုး မနိုးသေးဘူးလား..."

ကောင်လေး မီးဖိုခန်းဘက်ပြန်ဝင်သွားမှ မေးတော့
အမေက ခေါင်းခါသည်။ အမေလဲ ထူးထူးခြားခြား အဖိုးရဲ့ အကူကောင်လေးကို မီးဖိုထဲထိ ခိုင်းရတယ်လို့...

" သူဌေးကတော်... ဖိုးဖိုး နိုးပြီ... Jung Hoseok
ကိုမေးနေလို့..."

" ခေါ်သွားလိုက်လေ Mis.Cha... ဒါနဲ့ သူ့ကို ၉နာရီ
လောက်မှ အဖိုးအခန်းထဲက ထွက်ခိုင်း..."

" ဟုတ်ကဲ့..."

Mis.Cha သွားခေါ်ပြီး ပြန်ထွက်လာတဲ့ ကောင်လေး
ကို သူ လှည့်မကြည့်ဖြစ်... မတည်ငြိမ်တဲ့ ရင်က ခုထိ လှုပ်ခတ်တုန်း...အဖေတို့ ပြန်ရောက်တော့ အဖိုးအခန်း ထဲ အဖိုးကို ကိုယ်တိုင်သွားခေါ်တဲ့အဖေရယ်.. နောက်က အပြေးလိုက်သွားတဲ့ အမေရယ်ကို ထိုင်ကြည့်ရင်း စိတ်တွေရှုပ်ထွေးနေခဲ့သည်။ Jung Hoseok ကိုတွေ့ရင် ပျော်ရွှင်ရမယ်လို့ Kim Namjoon မျှော်လင့်ခဲ့တာလေ.....။

Have been fall in love ( Completed )Where stories live. Discover now