Part - 32 ( Final )

608 61 26
                                    


Unicode

Namjoon ထမင်းစားခန်းထဲရောက်တော့ စားပွဲထိပ်မှာ အဖေက နိုးနေပြီဖြစ်တဲ့ Joonho ကိုချီကာထိုင် နေသည်။ ဘေးမှာ ကောင်လေး Jung Hoseok... Mis.Cha က တဖက်အစွန်မှာ မျက်နှာငယ်နဲ့ ထိုင်နေသည်။

" Namjoon ပါလာတာလား... လာဝင်ထိုင်...
  အဒေါ်ကြီး Hoseok အတွက် ထမင်း ဘယ်သူပြင်
  ခဲ့တာလဲ... "

" ကျွန်မ ပါရှင့်... ထမင်းပွဲ ဟင်းပွဲတွေ အကုန်
  ထမင်းစားပွဲပေါ်မှာ အပူခံအုပ်ဆောင်းနဲ့ အုပ်ထားခဲ့
  တာပါ... သူဌေးကတော်ပြန်ခိုင်းလို့သာ ပြန်သွား
  တာရှင့်.."

" Hoseok က ငါ့သားမက်နော်... ဒါက ဘယ်လို
  ဖြစ်တာလဲ..."

ပလတ်စတစ်အုပ်ဆောင်းအောက် အသီးအရွက်တွေ
နဲ့ ထမင်းပန်းကန်... အံ့သြနေတဲ့ အဒေါ်ကြီးက
Mis.Cha ကိုလှမ်းကြည့်သည်။ Mis.Cha က အံ့ဩသော်လည်း သိသိနဲ့ ဘာမှပြောလိုဟန်မရှိ...

" မေးနေတယ်လေ... "

အဖေ့အသံက ဒေါသထွက်နေပြီ...

" အဖေ ခဏ... အဒေါ်ကြီးက ဘာမှမသိလောက်ဘူး
  Mis.Cha လဲ ပြောရဲမှာမဟုတ်ဘူး... Hoseok
  ကိစ္စမို့ သားပဲဖြေရှင်းပါရစေ... "

အဖေက ခေါင်းညိမ့်ပြပြီး Joonho ကို တာနေသည်။

" အဒေါ်ကြီး မနေ့ကလဲ အသားဟင်းတွေပါ ထားခဲ့
  တာလား..."

" ဟုတ်ကဲ့... ဟင်းတွေ အေးမှာစိုးလို့ အပူခံ
  အုပ်ဆောင်းနဲ့ထားခဲ့တာ..."

" မနေ့ကလဲ Hoseok အာလူးဟင်းပဲ စားရတယ်..
  ကျွန်တော် ဒီနေ့မှ လာပြောတာ... Hoseok က
  ကျွန်တော့်ခင်ပွန်းမို့ ကျွန်တော်နဲ့ပဲ အတူတူစားမှ
  ဖြစ်မယ်...
  အဖေ ခွင့်ပြုတယ် မဟုတ်လား... နောက်နေ့
  ကျွန်တော်တို့ သပ်သပ်ခွဲစားမယ်..."

" အေး... မင်း အမေက ဒီလိုဆို ဒီလိုပေါ့...
  Mis.Cha ညည်း က ငါ့ အမျိုး ဟုတ်ရဲ့လား... "

" Mis.Cha အပြစ်မဟုတ်ပါဘူး အဖေရယ်... သူလဲ
  နီးရာဓါး ကြောက်တာပေါ့...
  ကဲ အဒေါ်ကြီး ကျွန်တော့်ခင်ပွန်း အတွက် ညစာ
  ပြင်ပေးပါ..
  Mis.Cha လဲ အဖေ့ကို မပြောရဲရင် ကျွန်တော့်ကို
  ပြော... ဟိုအရင် ကျွန်တော့်ကို ကာကွယ်သလို..
  ခုက ဖြစ်သမျှ Jin Hyung ပြောမှသိရတယ်..."

Have been fall in love ( Completed )Where stories live. Discover now