Part - 15

469 78 26
                                    


Unicode

Namjoon ကားပေါ်ကဆင်းပြီး Club ကိုလှမ်းကြည့်လိုက်သည်။ ဟိုအရင်က ဒီမှာပျော်ခဲ့တာ... အခုတော့
Jung Hoseok ဆိုတဲ့ကောင်လေးရှိတဲ့ Bar သာ
သူ့ ပျော်ရွှင်ရာ...။

" အစ်ကို ဒုံဆူ... အမေတို့ ဘာခိုင်းလိုက်သေးလဲ...
   ကျွန်တော် နဲနဲကြာမှာ... "

" ရတယ် အစ်ကိုလေး...  parking မှာကားထားခဲ့ပြီး
   ညစျေးဘက် ခဏသွားလိုက်ဦးမယ်...
   သူဌေးကတော် ဘာမှမခိုင်းပေမဲ့ ကြုံတုန်း လိုတာ
   လေးတွေ ဝယ်ချင်လို့..."

" ဟုတ်... ပြန်ရောက်ရင် အပေါ် တက်ခဲ့ဦး..."

Namjoon တံခါးဝမှာ ရပ်လိုက်တော့ လုံခြုံရေး ကောင်လေးတွေက မှတ်မိသည်မို့ ချက်ချင်း တံခါးဖွင့်ပေးသည်။

" သူဌေးလေး Namjoon မလာတာကြာပြီနော်.. "

နှုတ်ဆက်လာတဲ့ ဧည့်ကြိုကလေးမတွေကိုပြုံးပြရင်း
သူ မန်နေဂျာ Lee ကိုရှာလိုက်သည်။

" Namjoon ရေ... ဦးလေး လှမ်းပြောလို့ Hyung
   စောင့်နေတာ...လာ ဒီဘက်ကို..."

" မန်နေဂျာ Lee မရှိဘူးလား... Hyung ကိုယ်တိုင်
   ဝင်ကြီးကြပ်နေတာ..."

" မေတ္တာရှင်ကြီးက သူ့ကောင်လေးရဲ့ အမေဆုံးလို့
   သွားကူလေရဲ့.... ငါ့ကိုပစ်ထားခဲ့တယ် "

" သူကလူတိုင်းကို လိုက်ကူနေတာ... Jin Hyung
   ပြောသလိုဆို Hyung လဲ သူ့ကောင်လေးပဲ...
   Hyung ကိုသူဘယ်လောက်ကူညီလဲ... ခဏဆိုပြီး
   Club ဖွင့်ကတည်းက ခုထိပဲ..."

" Kim Namjoon မင်းလေ အဖေနဲ့သာ မတည့်
   တာ လေသံက တစ်သံတည်း... ဦးလေးလဲ တစ်အါး
   ချီးကျူးတာ..."

Namjoon ရယ်တော့ Jin Hyung ကမျက်နှာမဲ့ပြသည်။

" Hyung ဦးလေး ဖုန်းဆက်ရင်း ဘာပြောလဲ..."

" ဘာမှမပြောဘူး... မင်းလာမှာပဲပြောသွားတယ် "

တော်လိုက်တဲ့အဖေ...

" Hyung ကို စိတ်ပူနေတယ်... ဟိုဘက်က ဘာ
   ပြောလဲ သိချင်လို့..."

" ဘာမှ မပြောသေးဘူး... Taehyung တော့ ခရီး
   ထွက်သွားတယ်... ဒါနဲ့ မင်းကို အကူအညီတောင်း
   စရာရှိလို့တဲ့.. ငါ မင်းဖုန်းနံပါတ် ပေးလိုက်တယ်..."

Have been fall in love ( Completed )Where stories live. Discover now