Unicode" Yoongi ရယ် Hoseok ဆိုင်မှာ အဲ့လှည်းက ထား
မရဘူးလေ... ပုခက်တုန်းကလဲ ထားမရလို့
ကြိုးပုခက်ပဲဆင်ပြီး သားပုခက်ကြီး ပွဲစားသူဌေးတို့
အိမ်ပို့ထားရတယ်... ခု ဒီလှည်းကြီးက.."" လမ်းလျှောက်ကျင့်ဖို့လေ မေမေရဲ့ ဟိုလေးက ၈လ
ကျော်နေပြီကို..."ဒေါ်လေးမင်က ကားပေါ်က ကလေးလှည်းကို ကြည့်ရင်းပြောတော့ Yoongi Hyung က ပြန်ချေပသည်။
အလိုလိုက် အကြိုက်လိုက်လုပ်ပေးပြီး ငွေကုန်ခံခဲ့ပုံရတဲ့ Yikyung Hyung က သားအမိကြား ဘာမှဝင် မပြော.... Hoseok လည်း ကလေးချီရင်း သူတို့ ၃ ယောက်ကို ငေးကြည့်နေလိုက်သည်။ ဈေးအပြန် Hoseok မှာထားတာလေးတွေ လာပို့ရင်း Yoongi
Hyung နဲ့ တွေ့ပြီး ရန်ဖြစ်နေရတဲ့ ဒေါ်လေးမင် ကို
အားနာရသည်။" ပွဲစားကြီးတို့ အိမ်မှာလဲ ကလေးပစ္စည်းတွေ အစုံရှိလို့
မဝယ်နဲ့လို့မှာထားတာကို..."" ဟုတ်တယ် Hyung... Hyung အိမ်ကိုပဲ သယ်
သွားတော့... သားလေး အိမ်မှာ လာဆော့ရင်
အတော်ပဲ..."Hoseok ဝင်ပြောလိုက်တော့ Yoongi Hyung က
ဆူပုတ်ပုတ်နဲ့ ကားပေါ်ပြန်တက်သွားသည်။" Hoseok အလုပ်ရှုပ်နေရင် ဟိုလေးကို ထည့်ပေး
လိုက်ပါလား... "ငြိမ်နေတဲ့ Yikyung Hyung ကဝင်ပြောတာမို့
Hoseok ကလေးကို Yoongi Hyung ပေါင်ပေါ်
သွားတင်လိုက်သည်။ တကယ်ပါပဲ... ကလေးလက်ထဲ ရောက်လာတော့ Min Yoongi မျက်နှာက ပြုံးလို့.." အမေ လဲ အိမ်ပြန်လိုက်ခဲ့လေ..."
" အေး အေး... ငါ ပစ္စည်းတွေ ဝင်ယူဦးမယ် "
Yikyung Hyung တို့ တိုးတက်ချက်...။ အမေ ခေါ်လိုက်တာ အထစ်အငေါ့မရှိ...။ Hoseok လည်း ဒေါ်လေးမင်နဲ့အတူ အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။
ကလေးအတွက်လိုတာထည့် ပေးရဦးမယ်လေ..." ရည်းစားလေးတစ်ယောက်ရသွားတာ သူက မာန်
တက်နေတယ်... ငါ့ကိုနိုင်စားသလို သွားနိုင်လို့က
တော့ ဟိုက ထားခဲ့လိမ့်မယ်....
ဒါနဲ့ သူ့အတွက်သူဝယ်တာတော့ မဟုတ်လောက်ပါ
ဘူးနော် Hoseok လေး..."" သူတို့ တူလေးကို ဝယ်ပေးချင်တာပါ ဒေါ်လေးရဲ့.."
Hoseok ပြုံးရင်း ပြောတော့ ဒေါ်လေးမင်က ခေါင်းညိမ့်ကာ ကလေးပစ္စည်းတွေလှမ်းယူသည်။
![](https://img.wattpad.com/cover/248704387-288-k8157.jpg)