Part - 28

551 55 64
                                    


Unicode

အချောအလှလေး

အိပ်ရာမှ နိုးတာနဲ့ မျက်လုံးတွေမဖွင့်ခင် Hoseok ဘေးကို လက်နဲ့စမ်းလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အိပ်ရာမှ နိုးတာနဲ့ မျက်လုံးတွေမဖွင့်ခင် Hoseok
ဘေးကို လက်နဲ့စမ်းလိုက်သည်... နူးညံ့သောအိပ်ရာက
သူ့ အိပ်ရာမဟုတ်...သားသား လဲမရှိ... အလန့်တကြား
မျက်လုံးတွေဖွင့်တော့ သူ ရောက်နေတာ နေရာစိမ်း...
အာ... သူဌေးလေး... မဟုတ်ပါဘူး...အစ်ကိုလေးနဲ့သူ
Jeju ရောက်နေတာပဲ... နောက်ကို အသာလှည့်ကြည့်တော့ ကျောခိုင်းအိပ်ပျော်နေတဲ့ အစ်ကိုလေးက အပေါ်
အင်္ကျီဝတ်မထား... သူ ခပ် ဖြည်းဖြည်းထလိုက်သည်။ ခါးနောက်နာကျင်မှုကြောင့် လက်က ခါးကိုစမ်းမိသည်။ ကိုယ့် အင်္ကျီမဟုတ်တဲ့ Tshirt အဖြူပွပွ အောက်မှာ ဆေးပလာစတာ... အင်း အပြောနဲ့ အလုပ်ညီတတ်တဲ့ အစ်ကိုလေးအကျင့်ကိုစတင်တွေ့ရှိခဲ့ပေါ့...
သွားတိုက်မျက်နှာသစ်ပြီး အဝတ်အစားလဲကာ အောက်ထပ်ဆင်းခဲ့လိုက်သည်။ Breakfast Time မကုန်ခင်အစားအသောက်အချို့မှာရင်း သားကိုဖုန်းခေါ်ရမည်။ အခန်းထဲမှာဖုန်းပြောလို့ အစ်ကိုလေး နိုးသွားမှာ Hoseok စိုးရိမ်သည်။ ဒီနေ့ပြင်ပအစီအစဉ် ဘာမှမရှိဘူးဆိုတော့... မကြိုက်တာလားဆိုတော့လဲ မဟုတ်...
လွမ်းနေခဲ့ရတဲ့ အနမ်းတွေအထိအတွေ့တွေ...
မထင်မှတ်ဘဲ ချစ်မိသွားခဲ့တဲ့ ယောက်ျားတစ်ယောက်ဆီက အပိုင်ရပေမဲ့ မဆိုင်နိုင်သေးတဲ့ ခံစားမှုမျိုး...

" မင်္ဂလာ နံနက်ခင်းပါ သူဌေးလေး... Dinning
room က ဟိုဘက်မှာရှင့်..."

" ဟို... မန်နေဂျာ နဲ့တွေ့ချင်လို့..."

" ဟုတ်ကဲ့ ခေါ် ပေးပါ့မယ်ရှင့်...ဧည့်ခန်းမှာ ခဏလေး
စောင့်နေပေးပါနော်.."

ဧည့်ကြိုလေးညွှန်ပြရာ sofa မှာထိုင်ပြီး Mis.Cha
ဆီဖုန်းခေါ်ရင်း ဖိုးဖိုးနဲ့သားသားကို နှုတ်ဆက်ရသည်။
သားသားက papa နဲ့ gigi သာပြောတတ်သေးတော့
အသံလေးသာနားထောင်ရုံ... ဖိုးဖိုးက ကောင်းကောင်း
လည်ပတ်ခဲ့ဖို့မှာသည်။ Mis.Cha က ညနေ လူစုံမှ
အစ်ကိုလေးဖုန်းကို video call ခေါ်မယ့်အကြောင်း
ပြောသည်။ မန်နေဂျာ ထွက်လာတာမြင်မှ နှုတ်ဆက်ရင်း ဖုန်းချလိုက်သည်။

Have been fall in love ( Completed )Where stories live. Discover now