Part - 18

403 61 23
                                    


Unicode

" အန်တီမြောင်အွန်း  ကျွန်တော်ပြန်တော့မယ်..."

" Yoongi လာကြိုပြီလား Hoseok လေး.."

" ပွဲစားဦးလေးတို့အိမ်မှာ ဒေါ်လေးမင်နဲ့အတူဆုံပြီး
   ပြန်မှာခင်ဗျ..."

" သူတို့သားအမိလဲ သားကိုခင်ရှာတယ်... သားဒုက္ခ
   ရောက်အောင်လုပ်မှာ မဟုတ်ဘူး... အန်တီ ကတော့
   အရင် နေရာလေးပိုရစေချင်တယ်... နီးတော့ အမြဲ
   တွေ့လို့ရတယ်..."

" ကံပါပဲ အန်တီမြောင်အွန်းရယ်... သူတို့က အမွေခွဲ
   ဖို့ကြုံ ကိုယ်ကလဲ အဲဒီကနေ အခြားရွှေ့ချင်... "

" အဆင်ပြေသွားမှာပါကွယ်... ဒါနဲ့ အစားအသောက်
   ရော စားနိုင်ရဲ့လား... ပျို့တာအန်တာရောဖြစ်လား..."

Hoseok ခေါင်းခါပြလိုက်သည်။ တကယ်တော့ ပျို့ချင်အန်ချင်ဖြစ်တာ တစ်ပတ်လောက်ရှိနေပြီ... ဆိုင်မှာကူမလုပ်ခိုင်းမှာစိုးလို့သူမပြောရက်..။

" ဂရုစိုက်သွား Hoseok လေး..."

အန်တီမြောင်အွန်းကို နှုတ်ဆက်ပြီး သူထွက်ခဲ့လိုက်သည်။ ပွဲစားဦးလေးတို့ လမ်းထိပ်ရောက်တော့ ထွက်လာတဲ့ Yoongi Hyung နဲ့ဆုံသည်။

" ဒေါ်လေးမင်ရော Hyung..."

" ပွဲစားကတော် နဲ့ အိမ်သွားကြည့်နေတယ်...
   အဆင်ပြေရင် သန့်ရှင်းရေးလုပ်ခဲ့မယ်တဲ့... "

" ဟာ လူကြီးနှစ်ယောက်တည်း ... သွားကူရအောင်.."

" ပွဲစားကတော်ရဲ့ သမီးတွေ ပါတယ်... ဘာလဲ နှာဘူး
   သွားထမလို့လား..."

" Yoongi Hyung..."

Hoseok အော်လိုက်မှ Yoongi Hyung က သတိရသွားသည်။

" အာ... Sorry...
   လာ ပါကွာ...ငါတို့ အိမ်ပြန်ပြီး ပစ္စည်းတွေ
   နိုင်သလောက် သိမ်းထားရအောင်... ပြီး ညနေစာ
   ချက်နှင့်မယ်လေ..."

သူ့အမှားသူသိသွားတော့လဲ တောင်းတောင်းပန်ပန်နဲ့
ကလေးလိုချွဲနေပြန်ရော။ subway station ဘက်
ခပ်မှန်မှန်လျှောက်ရင်း ဟိုမေးဒီမေး..။  အချေ   ကိုယ်တော် ဆေးစားမှားနေသလား..။

" Lee Yikyung Hyung တစ်ယောက်ပျောက်
   လိုက်တာ... ဖုန်းရောဆက်ရဲ့လား..."

Have been fall in love ( Completed )Where stories live. Discover now