Part - 29

382 58 51
                                    

Unicode

မနက်စောစော မီးတောင်ဟောင်းလမ်းတစ်ဝက်ရောက်အောင် တက်ကြသည်။ ကိုယ်ဘယ်လောက်ငြင်သာခဲ့လဲဆို ကောင်လေးက ကိုယ့်နောက်ကထပ်ချပ်မကွာ...
တွဲခေါ်ဖို့ကြိုးစားတော့ ယောက်ျားမာနနဲ့ ခေါင်းခါတဲ့
Jung Hoseok... ကိုယ်ကသာ နာနေမလား.. မော နေမလား စိတ်ပူတာ သူကဘာမှဂရုမစိုက်... အခြားသူ
တွေ ကြည့်လာမဲ့ မျက်လုံးတွေကိုသာ ဂရုစိုက်ဆင်ခြင်
ရှောင်ရှားဖို့ ကြိုးစားနေသည်။

" ပြန်ဆင်းကြမလား... နေ့လည်စာ စားပြီး ရေတံခွန်
တွေဘက်သွားကြမယ်... "

" ဟုတ် "

အနောက်ကနေ ကပ်ပြီးလိုက်လာမှာသိနေတာမို့
Namjoon လှည့်မကြည့်ဘဲလာလမ်းအတိုင်း ပြန်ဆင်းခဲ့သည်။

" နေ့လည်စာ Hotel မှာပဲစားမှာလား အစ်ကိုလေး.."

" အင်း... မင်းအပြင်ထွက်စားချင်လို့လား..."

" မဟုတ်ပါဘူး... ရေချိုးချင်လို့..."

" အင်း... ငါလဲ ရေချိုးမှာပဲ.."

Hoseok တိတ်ဆိတ်သွားသည်။ Car parking ရောက်တော့ မြည်လာတဲ့ဖုန်း... ကောင်လေးက အလိုက်တသိနဲ့ ကားသော့လာယူပြီး ယာဥ်မောင်းနေရာဝင်ထိုင်သည်။

" Jin Hyung ပြော..."

" ငါ တို့ကို Taehyung အဖေက တွေ့ချင်လို့တဲ့...
ခု ဦးလေး က သွားခိုင်းလို့ သွားနေပြီ... "

" အင်း... ဟိုနေ့ကလဲ Hyung တို့ကို လိုက်ကြည့်နေ
တာ တွေ့တယ်... Taehyung က တအားရှောင်
နေတော့ သူဌေးကြီး မျက်နှာပျက်လို့..."

" မနက်က ဦးလေးဆီ ဖုန်းဆက်ပြီး ကလေးတွေကို
တွေ့ချင်တဲ့အကြောင်း... စောင့်ရှောက်ပေးထားလို့
ကျေးဇူးတင်ကြောင်း အများကြီးပြောသွားတော့
ဦးလေးက သွားတွေ့ခိုင်းတယ်..."

" Taehyung.. Kim group မှာ အလုပ်ဆင်းနေ
တာ သိသွားတာဖြစ်မယ်... "

" ဟုတ်မယ်...ဦးလေး က ငါ့ကို အိမ်ခွဲမဆင်းစေချင်ဘူး
ကြည့်ရတာ မင်းကိုပဲ အိမ်ခွဲခိုင်းမယ်ထင်တယ်..."

" အဖေကလေ အဲ့လို နားလည်မှုတွေရှိတာ...
Hyungကရော Taehyungအဆင်ပြေပါ့မလား"

" ဦးလေးတို့က ငါ့အတွက် မိဘပဲ Joonie... အိမ်ပြန်
နေရတာ ပျော်တယ်... ဟိုမှာ ငါတို့အဆင်မပြေတိုင်း
ပြေးလိုက်လာရတာ ဦးလေး နဲ့ မင်း... Taehyung
က ဦးလေးနဲ့မင်း အတွက်ဆို ဘာဖြစ်ဖြစ်လုပ်ပေး
မှာ... ညနေမှ Vcall ခေါ်မယ်... မင်း Mount
Hallasan တက်ဦးမှာလား.. Hoseok ကိုလဲ
ဂရုစိုက်ဦး... မင်း နှိပ်စက်တာနဲ့ ခရီးကြမ်းတာနဲ့..."

Have been fall in love ( Completed )Where stories live. Discover now