Unicode" Hello... Taehyung ပြော..."
" ခင်ဗျား အားရဲ့လား..."
" ရပါတယ် ပြောပါဗျာ..."
" Jin Hyung က ကျွန်တော်ဖုန်းဆက်တာ မကိုင်
ဘူး... သွားတွေ့လို့လဲမရဘူး... ဟိုရက်က ဘာတွေ
ဖြစ်လဲ ဘယ်သူမှ မေးလို့မရဘူး..."Taehyung ရဲ့ စိတ်ပူပန်တဲ့ မေးခွန်းတွေမှာ Namjoon သက်ပြင်းချမိသည်။ Elite သူဌေးကြီး
ပြောသွားတာ ပြန်ပြောရင်း အဖေ နဲ့ Jin Hyung
က စိတ်တိုသွားတာပြန်ပြောမိသည်။" ဟာ... အဖေကလဲဗျာ... သူစီစဥ်ပေးမယ်ဆိုပြီး..."
" Jinnie က သူ့ ဦးလေးကိုပါစော်ကားခံရလို့ စိတ်
ဆိုးနေတာဖြစ်မယ်... မိသားစုက ဂုဏ်မယူရရင်နေ
သိက္ခာတော့ မကျစေရဘူးဆိုတဲ့မာန်နဲ့ သူရှင်သန်
နေတာဆိုတော့ သူနဲနဲ စိတ်ထိခိုက်သွားပုံပဲ...
ခဏ စောင့်လိုက်ပါ... အဆင်ပြေသွားမှာပါ..."" အေးဗျာ... ဆု တောင်းနေရတာပဲ..."
Kim Taehyung ဖုန်းချသွားမှ Namjoon သက်ပြင်းချလိုက်သည်။ Jin Hyung တို့ အဆင်ပြေမှဖြစ်မယ်... မဟုတ်ရင် ညီအကိုနှစ်ယောက်က နှလုံးသားဒဏ်ရာကိုယ်စီနဲ့ ရှင်သန်ရမဲ့ အဖြစ်မျိုး....
......................
" Kim Seokjin... Kim Seokjin... ခင်ဗျား ဒီမှာ
ရှိတာ ကျွန်တော်သိတယ်.... အခုထွက်ခဲ့..."Taehyung အသံကြောင့် Namjoon နဲ့အတူ အဖိုးအခန်းမှာ စကားပြောနေတဲ့ Jin Hyung မျက်နှာ ပျက်သွားသည်။ အချစ်နဲ့မာနကြား ဒွိဟဖြစ်နေတဲ့သူ။
" Kim Taehyung... မင်းသူများရပ်ကွက်မှာ လာ
ဆူညံနေတာနော်... "အိမ်ရှေ့ ဧည့်ခန်းကနေ ဝုန်းဒိုင်းကျဲကာထွက်ရင်း ပြောဆိုသွားသော အဖေ...
" Namjoon သွား...သွား ဦးလေးကို သွားကူ...
Taehyung က စိတ်မြန်လက်မြန်ရယ်... "အမြန်ပြေးထွက်ရင်း အိမ်ခြံဝန်းရှေ့ရောက်တော့ Namjoon အံ့ဩငြိမ်သက်သွားသည်။ Kim Taehyung ရယ် ခြံဝင်းအပြင်ကနေ အဖေ့ရှေ့ ဒူး ထောက်ရင်း တောင်းပန်နေတာ အဖေတောင် ဆွံ့အသွားသည်။
" ကျွန်တော် ဒီလိုတောင်းပန်ပါတယ် ဦးလေးရယ်...
Jin Hyung မရှိရင် ကျွန်တော် သေမှာမို့...."
![](https://img.wattpad.com/cover/248704387-288-k8157.jpg)