Part - 10

559 91 25
                                    

Unicode

Namjoon တံခါးဖွင့်ပြီးအထွက် တံခါးခေါက်မည့် အတွင်းရေးမှူးမလေး လန့်ပြီး နောက်ဆုတ်သည်။

" Sorry... Sorry... ဘာကိစ္စလဲဟ.. ငါ အပေါ် ခဏ
  တက်မလို့.."

လက်ထဲက files တွေကမ်းပေးရင်းမေးလိုက်သည်။

" ဥက္ကဌကြီးက သူဌေးလေးကို သူ့ဆီလာခဲ့ပါတဲ့.."

" အေး အေး ခု သွားလိုက်မယ်... အဲ့ files တွေ တွဲ/ပို့
  လုပ်လိုက်တော့.."

အပေါ်တက်ပြီး ဆေးလိပ်သွားသောက်မလို့ဟာကို...
အဲ့အဖေကတော့... မနေ့က ကောင်လေးရဲ့ပုံစံလေး
ပြန်တွေးပြီး ကြည်နူးမလို့ကြံစည်တာ ပျက်ပါပြီ...
ဝရံတာလျှောက်လမ်းကနေ ရုံးအောက်ဘက်ကို
လှမ်းကြည့်တော့ သွားလာနေသမျှလူငယ်တွေက
Jung Hoseok... Kim Namjoon ရူးနေပြီ...

" သူဌေးလေး ဝင်သွားလိုက်ပါခင်ဗျ... ဥက္ကဋ္ဌကြီး
  စောင့်နေတယ်.."

သူ ခေါင်းညိမ့်ပြလိုက်ပြီး တံခါးခေါက်ကာ အထဲဝင်ခဲ့
သည်။

" လာထိုင် ... "

" ဘယ်လိုလဲ ... အဲ့ အုပ်စုက ကျွန်တော်ပြောသလိုပဲ
  လား..."

" မင်း ပြောတာထက်ဆိုးတယ်... plan က မရေမရာ
  ကြီး... မေးသမျှလဲ တလွှဲဖြေ..."

" သွား မောကြီးဖြစ်လာတယ်ပေါ့... "

" အေး.. မင်းစကားနားမထောင်မိလို့..
  အမြတ်ထွက်တာတော့ Jinလေး နဲ့တွေ့ ခဲ့တယ်.."

" အိုး.. Jin Hyung က အဲ့ပွဲလာတယ်.."

" သူများနဲ့ အဖော်လိုက်လာတာ... "

တိတ်ဆိတ်သွားတဲ့ဖခင်ကို သူငေးကြည့်နေမိသည်။
တစုံတရာကို တွေးဆနေပြီဆို အဖေက တိတ်ဆိတ်သွားတတ်သည်။

" Jinလေး က လိမ္မာတယ်...ငါ့ကို မရှောင်သွားဘူး...
  အနားက ကော်ဖီဆိုင်မှာ သူ့ချစ်သူနဲ့ မိတ်ဆက်ပေး
  တယ်... မင်း သူတို့ကို သိလား.. "

" ဗျာ.."

ရုတ်တရက် ဘာဖြေရမှန်းမသိ... Jin Hyung ရဲ့သတ္တိ
ကိုလဲ လေးစားရသည်။

" သူ့ ချစ်သူက ကောင်လေးတစ်ယောက်... နံမည်က
  Kim Taehyung တဲ့.. မိန်းမ မယူဘူးဆိုမှ
  တစ်နေ့ ယောက်ျားယူမယ်လို့ ငါ ထင်သား...
  အဲ့အုပ်စုက လက်မတွဲသင့်တဲ့အကြောင်း ပြောနေရ
  တာနဲ့ ဘာမှ မစပ်စုလိုက်ရဘူး... အဲ့ဒါ
  ကောင်လေးအကြောင်း မင်း နည်းနည်းစုံစမ်းလိုက် "

Have been fall in love ( Completed )Where stories live. Discover now