Part - 9

554 100 16
                                    

Unicode

Namjoon ကောင်လေးကိုလိုက်ကြည့်ရင်း မျက်လုံးချင်းဆုံတိုင်း ရေသီးလိုက် ဇွန်းပြုတ်ကျလိုက်နဲ့
အတော်လေးကို အိန္ဒြေပျက်ရသည်။  Jungkook  ခေါ်လိုက်တိုင်း ပြေးလာပြီး ကူညီတတ်တဲ့ ကောင်လေးက Jung Hoseok တဲ့... အပြင်မှာ ကမ္ဘာပျက်တာထက် ရင်ထဲမှာ ကမ္ဘာပျက်နေတာ ပိုဆိုးလိုက်တဲ့အဖြစ်...ငါဘယ်လိုဆက်ရှင်သန်ရမလဲ ကောင်လေး...

" Jungkook ရေ... စိတ်ဝင်စားရင် ခေါ်လို့ရတယ်လို့
  ပြောဖူးလားလို့.."

" အင်း... ပြော .. စိတ်ဝင်စားတဲ့သူ "

" ခုနက ကောင်လေး ... Jung Hoseok.. "

" သူက ခင်ဗျားလိုပဲ ကိုအဖြောင့်...
   လက်တည့်စမ်းချင်ရုံဆို အခြားကလေးတွေကြည့်..
   အသစ်တွေဆို အဆင်ပြေမှာမဟုတ်ဘူး..."

Jungkook  စကားကြောင့် သူအသာငြိမ်နေလိုက်သည်။ အခြားသူတွေထက် Jung Hoseok ကို စိတ်ဝင်စားတာ နှလုံးသားထဲကဖြစ်နေတာမို့ သွေးသားဆန္ဒကပါ တောင်းဆိုတာထိုလူသားကိုသာ...
Namjoon ငြိမ်သက်နေတာမို့ Jungkook ဘာမှ မပြောတော့ဘဲ Hoseok ကိုစားပွဲလာရှင်းခိုင်းလိုက်သည်။

" Namjoon အစောကြီး ရောက်နေတာလား " 

Taehyung နဲ့အတူ ရောက်လာတဲ့ Jin Hyung ကခုံမှာ ဝင်ထိုင်ရင်းမေးလာသည်။

" မနက်ကပြန်ရောက်တာ အလုပ်ထဲတန်းဝင်ခိုင်း
   တယ်လေ Hyung ဦးလေးက... ပြီးတော့ ကိစ္စတွေ
   အကုန်ရက်ကပ်နေလို့ အသားကုန်ရှင်း နေရတယ်..
   သူလုပ်ထားလဲ ရရဲ့သားနဲ့.. "

" ကိုယ့်ကိစ္စ မဟုတ်ဘဲ သွားတာကိုး..."

" အဲ့လိုလဲ မဟုတ်ဘူးလေ Hyung ရဲ့...
   Namjoon က Asia နဲ့ Europe မှာ စီးပွားရေး  
   ရော ဥပဒေရော ကောင်းကောင်းကျွမ်းကျင် နေတဲ့
   အပြင် ဘာသာစကားတွေလဲ အများကြီးတတ် နေ
   တော့ နိုင်ငံခြားကမိတ်ဆွေလဲကူညီပေးထားရတာ...
   ကိုယ့်အတွက် တစ်နေ့အမြတ်ပဲ.."

" Taehyung မင်း Kim Namjoon အကြောင်း
   ဘာလို့အဲ့လောက် သိနေတာလဲ..."

" Jin Hyung ညီက အိမ်ကအဖေတောင် သမီးရှိရင်
   သားမက်တော်ချင်တယ်လို့ ပြောရလောက်အောင်
   နံမည်ကြီးနေတာပါဗျာ... "

Have been fall in love ( Completed )Where stories live. Discover now