Unicode
" သူဌေးကတော်တို့... သမီးကို ကိုယ်ဝန်ဆောင်စေ
ချင်ရင် အရင် လင်ပေးစားလိုက်ဦး.... အပျိုရည်မ
ပျက်သေးဘူး..သမီးက.."" အိမ်ထောင်ကျတာ ၇လ ရှိပြီ... ဘယ့်နဲ့ လင်ပေးစား
ရမှာလဲ.."" အခန်းသပ်သပ်စီ အိပ်နေလားမှမသိတာ..."
OG နဲ့ မိခင်ဖြစ်သူ ပြောနေတာ အတွင်းခန်းမှာ အဝတ်လဲရင်းကြားနေရသည်။ ကျောခိုင်းအိပ်နေတတ်
တဲ့ Kim Namjoon က သူမကို ညီမလေးတစ်ယောက်လို သဘောထားတဲ့အကြောင်း ဘယ်လိုမျက်နှာနဲ့ ပြောပြရမလဲ..။ မိန်းမ မာယာသဲကိုးဖြာက Min Nahyung မာနနဲ့မကိုက်..။ ကိုယ်တိုင်ကလဲ နှလုံးသားဖြင့်မပါခဲ့... ဒီဇာတ်လမ်း အဆုံးသတ်သင့်ပြီ။" အမေ... သမီး အမေနဲ့ အိမ်ခဏ ပြန်လိုက်သွားချင်
တယ်..."Min Nahyung အခန်းအပြင်ထွက်ပြီး Mrs. Kim
ရှေ့ရပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ Mrs. Kim
ကြောင်အစွာ သူမကိုငေးကြည့်သည်။" ဟုတ်တယ် အမကြီး... ခဏ စိတ်ပြေလက်ပျောက်
ပေါ့... နောက်နေ့ ကျွန်မ ပြန်ပို့ပေးမယ်..."အမေ ဝင်ပြောမှ Mrs. Kim စိတ်လျော့ကာ
ခေါင်းညိမ့်ပြသည်။ ကျောခိုင်းထွက်ခွာရင်း စဥ်းစားမိတာက နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မဲ့ ရှေ့ဆက်လမ်း..။
Nahyung မောင့်ကိုချစ်သလို Namjoon Oppa
လည်း တစုံတယောက်ကို ချစ်နေတာ သိနေခဲ့ပြီမို့....။# # # # #
" ရှေ့ဆက် အဆင်ပြေပါစေ Namjoon Oppa.."
" အင်း ညီမလေးရော... "
Seoul ဗဟိုတရားရုံးရဲ့ ရှေ့မှာ Kim Namjoon နဲ့ Min Nahyung တရားဝင်ကွာရှင်းပြီးထွက်လာကြခြင်း....
" Oppa အလုပ်ထဲ ပြန်သွားမှာလား... ကား ရော.."
" ဒီနားမှာ အဆောက်အဦးပြပွဲ တစ်ခုရှိလို့ ... အဲ့သွား
ပြီးမှ ပြန်မှာ... ကားဂရုစိုက် မောင်းဦး..."" ဟုတ်... သွားပြီ Oppa... နောက်မှ အေးဆေး သွား
သောက်ကြမယ်..."Namjoon ပြုံးရင်းလက်ပြနှုတ်ဆက်လိုက်သည်။ အ သက်အရွယ် ကွာဟမှုကြောင့် Nahyung နဲ့သူ အတူ တူလုပ်ဖြစ်တာဘာမှမရှိခဲ့...။ Nahyung ကားလေးထွက်သွားမှ သူပြပွဲရှိရာ ဦးတည်လိုက်သည်။ ဆောင်း ရာသီမို့ ဖြော့တော့တဲ့ နေရောင်ခြည်က နွေးထွေးမှု သိပ်မပေးနိုင်။ နှင်းတွေကျရင် Jung Hoseok နဲ့များပြန်ဆုံနိုင်မလား... ဒီတစ်ခါဆုံရင် ကလေး လက်ကို
မလွတ်တမ်း ဆွဲကိုင်ထားဖို့ ပြင်ဆင်ခဲ့ပြီ...