Part - 13

521 83 25
                                    


Unicode

Namjoon အစည်းအဝေးခန်းမှ ရုံးခန်းသို့ မြန်မြန်ပြန်ခဲ့သည်။

" သူဌေးလေး... သူဌေးလေး Kim Seokjin ရောက်
   နေတယ်..."

" အင်း message ရထားတယ်... ဒီစာရင်းလေး
   နည်းနည်းစစ်နှင့်... ခဏနေ လူစုမယ်.."

" ဟုတ်ကဲ့ "

သူ အခန်းထဲဝင်လိုက်တော့ Jin Hyung က ဆိုဖာ ပေါ်မှာ စိတ်ညစ်ညူးပုံနဲ့ ငူငူကြီးထိုင်နေသည်။

" ဟာ Hyung... ဘယ်လိုဖြစ်လာတာလဲ..."

" နေ့ခင်းက Taehyung နဲ့အပြင်မှာ ထမင်းသွားစား
   တာ Taehyung အဖေနဲ့ဆုံလာတယ်... ငါ့ကို
   ကြည့်သွားတာ ကြောက်စရာကြီး... Taehyung က
   တော့ ဒီနေ့ ငါတို့အကြောင်း ပြောလိုက်တော့မယ်တဲ့၊
   အဲ့ဒါ ဦးလေးကိုပြောမလို့... "

" အဖေ့ကို ခဏစောင့်လိုက်လေ Hyung...
   Taehyung အဖေ သိသွားရင် ကိုယ်တွေဘက်
   ကလဲ အလိုက်တသင့်ဖြစ်အောင် ပြင်ဆင်ရမှာ..."

Jin  Hyung ကိုနှစ်သိမ့်ရင်း Namjoon
လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။

  " Hyung  အပူလား အအေးလား..."

  " ရင်ပူနေတာ... အအေးပဲပေး... "

ဝင်လာတဲ့ မန်နေဂျာကို အအေးစီစဉ်ခိုင်းပြီး ဥက္ကဌကြီး
ပြန်ရောက်ရင် အသိပေးဖို့ လှမ်းပြောရန် မှာရသည် ။
Jin Hyung ကတော့ စကားပင်မဆိုနိုင်တော့..။

" Hyung ဒီမှာပဲ အအေးသောက်ရင်း ခဏစောင့်..
   ကျွန်တော့်အဖွဲ့ ကို အလုပ်လုပ်စရာသွားပေးလိုက်ဦး
   မယ်... Hyung ဦးလေးခေါ်ရင် လိုက်ခဲ့လို့ရအောင်"

အသံမထွက်နိုင်တော့တဲ့ Jin Hyung က ခေါင်းသာညိမ့်ပြလေရဲ့.....
............................

Namjoon အဖေ့ရုံးခန်းတံခါးကို ဖွင့်လိုက်တာနဲ့
Jin Hyung  က အထဲပြေးဝင်ပြီး အဖေ့ကိုဖက်ကာ
ငိုသည်။ အဖေ့ကိုချွဲတတ်လိုက်တာ တစ်ခါတစ်လေ
သူက သားအရင်း ကိုယ်ကတူအလား... ကိုယ်ကတော့
အဖေနဲ့ စကားမပြောတဲ့ ကာလတွေလဲရှိရဲ့... မိဘတွေ
အကြိုက် ဘယ်လောက်လိမ္မာလိမ္မာ ပြန်မပြောနားမ
ထောင် ဂျစ်ကန်ကန်ကောင်...

" ဦးလေး... ကျွန်တော်ကြောက်တယ်... "

" ဘာမှဖြင့် မဖြစ်သေးဘူး... ဘာကိုကြောက်တာလဲ
   ငါ့သားရယ်..."

Have been fall in love ( Completed )Where stories live. Discover now