Unicode
" တူ.....တူ.....တူ..."
ဖုန်းသံကြောင့် Hoseok အိပ်ရာမှ လန့်နိုးလာသည်။
" Hello...
သြော် ဦး... ဟုတ်လား.....
ကျွန်တော် အခုလာခဲ့မယ်...ဟုတ် ..."သူ အိပ်ခန်းထဲမှ ထွက်တော့ အမေကထမင်းစားပွဲမှာ..။
" အမေ ဘာတွေ လုပ်နေတာလဲ..
သားကိုနိုးလိုက်တာ မဟုတ်ဘူး... "" သား ညက အိမ်ပြန်ရောက်တာ နောက်ကျလို့
အမေ မနိုးတာ...
လာ... မျက်နှာသစ်ပြီး မနက်စာစား...
အမေ စားပြီး ဆေးသောက်လိုက်ပြီ..."နာရီကြည့်တော့ ၈ နာရီ...သူ အမေ့ ဘေးမှာဝင်ထိုင်
လိုက်သည်..။" ကျွန်တော့်ကို အိမ်ပွဲစားဦးလေး ဖုန်းဆက်တယ်..
မနက်စာ စားပြီး ခဏသွားလိုက်ဦးမယ်.. "အမေ ဘာမှပြန်မပြောပေမယ့် စိတ်ကောင်းပုံမရ..။
" အဆင်ပြေပြေ မပြေပြေ ဒီနေ့ ဆေးရုံ သွားရမှာ
နော်... သားပြန်လာမှ နေ့လည်စာချက်ပြီး အတူတူ
စားမယ်.."" နေ့လည်စာ စားပြီးမှ ဆေးရုံသွားရမှာမှတ်လား..
အမေ အထုပ်အပိုးတွေ ပြင်ထားနှင့်မယ်.."" တစ်ည နှစ်ည ပဲဟာ အများကြီးမလုပ်နဲ့နော်..."
သူစားသောက်ပြီး အိမ်ပွဲစားဆီထွက်ခဲ့လိုက်သည်..။
သူ့ရှေ့မှာ အမေ ဟန်ဆောင်နေတာ သူသိသည်။ နာကျင်နေပေမဲ့ ဘာမှ မဖြစ်သယောင်.... ။" လာ.. ကောင်လေး.. ထိုင်..."
ပွဲစားဦးလေးကြီး က Hoseok ကိုနေရာပေးရင်း ဖိုင်တတွဲကို ဆွဲထုတ်လာသည်။
" မင်း အလုပ်နဲ့ နီးတဲ့နေရာက အိမ်ကျဥ်းတယ်..
စျေးက မှန်းတဲ့အတိုင်း..
ကျယ်တဲ့အိမ်က နဲနဲဝေးပြီးတော့ ငွေပိုသုံးရမှာ.. "" ကျဥ်းတဲ့အိမ်က အခန်းဖွဲ့စည်းပုံလေး ပြပါဦး ..."
" အိပ်ခန်း တစ်ခန်းတော့ ပါတယ်.. အိမ်ရှင်က အိမ်
အပ်ရင်းသော့ပေးခဲ့တယ်...မင်း သွားကြည့်ချင်ရင်
သော့ပေးလိုက်မယ်... သူရောမင်းရော မိတ်ဆွေ မို့
ငါတော့ မလိုက်တော့ဘူး... "